Part 38(Unicode)

5.7K 318 14
                                        

မှိုင်း part 38

စက်ရုပ်ကြီး တစ်ရုပ်လို မျက်နှာသေကြီးဖြင့် အသေးစိတ်က အစ တစ်လုံးမကျန် ဖတ်နေသော မင်းခ ပုံစံကို ကြည့်ရင်း ဝေသစ် တစ်ယောက် ချွေးစေးပျံလာရသည်။

ဒီရက်ထဲ မင်းခပုံစံမှာ အေးတိအေးစက်ဖြင့် အလုပ်ထဲ အချိုးမပြေသမျှ အားမနာတမ်း ဆူသောကြောင့် ဝန်ထမ်း တော်တော်များများက မင်းခ ဒေါသ မဆွမိအောင် အလိုက်တသိ နေရ၏။

ယခုလည်း စာရွက်ကို ပေါက်ထွက်မတတ် စူးစိုက်ကြည့်‌ပြီးမှ လက်မှတ်ထိုးဖို့ ပြင်၍ ဝေသစ် သက်ပြင်းချလိုက်ရုံရှိသေး တောင်ခနဲ မြည်သံနှင့်အတူ မင်းခ ဖုန်းထဲ စာဝင်လာသည်။

ဘောပင်ကို လက်ထဲက ချပြီး ဖုန်းဖွင့်ကြည့်လိုက်ပြီးနောက် မင်းခမျက်နှာက သိသိသာသာ ပျက်သွားကာ မျက်မှောင်ကြီး တွန့်ချိုးရင်း ဖုန်းကို ပေါက်ခွဲတော့မည့်ဟန်ဖြင့် စူးစိုက်ကြည့်နေပြန်သည်။

လင်းထင်းနေသော ဖုန်းမျက်နှာပြင်က ဓာတ်ပုံတစ်ပုံကို ဝေသစ် မသိမသာ စူးစမ်းကြည့်လိုက်တော့ ရွှေအိုရောင် စာရွက်ပေါ်က နာမည်လေး နှစ်ခု

Hmine Yee Wai & May Hutson

*သေစမ်း ဒီအချိန်ကြီးမှ ပို့လိုက်ရသလား မှိုင်းရယ်။လကုန် ဝန်ထမ်း အစည်းအဝေးရှိတဲ့ နေ့ကြမှလား။အချိန်ကိုက်ကို စနက်တံ မီးရှို့လိုက်ရသလား*

မင်းခ ဖုန်းကို ဘေးချကာ လက်မှတ်ထိုးလိုက်ပြီး ဝေသစ်ကို ဖိုင်တွဲများ လှမ်းပေးရင်း

"ညနေ 3နာရီ အစည်အဝေး ဝန်ထမ်းအကုန်လုံးအောက်ခြေသိမ်း ကအစ အကုန်ခေါ်မယ်"

"ဟုတ်ကဲ့ Boss"

ဝေသစ် စကားကို လိုတိုရှင်း ပြောပြီးနောက် ရုံးခန်းထဲမှ အမြန်လစ်ထွက်ကာ အကုန်လုံးကို လိုက်သတိပေးဖို့ ပြင်ရ၏။

*Pray for allပါ မကြာခင် အထောင်းခံရတော့မယ့် ငါတို့စကွက်*

နေ့လည်စာ စားချိန်နောက်ကျနေပြီ ဖြစ်၍ မင်းခ အနီးအနား ဆိုင်တစ်ခုတွင် သွားစားဖို့ စိတ်ကူးကာ ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

"လှလိုက်တာဟယ် ချယ်ရီတွေ ပွင့်ချိန်တောင် ရောက်ပြီပဲ"

"အေးဟယ် သုတက သူ့ခြံထဲက ခူးလာတာတဲ့ အများကြီးပဲ။ဟိုဘက် အခန်းက မမကြည်တို့ကို သွားပေးလိုက်ဦးမယ်"

မှိုင်း(Complete)Tempat cerita menjadi hidup. Temukan sekarang