Part(21)

6.8K 580 87
                                    

Unicode

     တစ်နာရီ မိုင်(၃၀)နှုန်းဖြင့် တောင်ပေါ်လမ်းကြမ်းကြမ်းမှာ ဆိုင်ကယ်စီးခြင်းဟာ အဘယ်မျှ အားပြင်းပါသနည်း။ အနဂ္ဂရဲ့ သောကမီးများထက် ပိုသာ၍ ပြင်းပြနိုင်ပါ့မလား။ သေချာခြင်းတစ်ခုက သူ့မှာသာ ဗျတ်ဝိ၊ဗျတ္တတို့လို အစွမ်းမျိုး ပိုင်ဆိုင်ထားပါလျှင် ကမ္ဘာကြီးကိုတောင် ဇောက်ထိုးမိုးမျှော် လုပ်ပစ်မိတော့မည်။

     "ဟယ်...သားငယ် အစောကြီးပြန်လာတာလား။မင်းကိုကြီးကရော..."

     "ကျန်ခဲ့တယ်...မာယာတို့ အပေါ်မှာလား"

     "ဟုတ်တယ် သားငယ်"

    နောက်ဆုံးတော့လည်း အနက်ရောင် ဝင်္ကပါထဲမှာ ပြန်လည်ပိတ်မိ​ပြန်သည်။ သူက ရုန်းမထွက်တာ မဟုတ်ပါဘဲ စိတ်ပင်ပန်းလာလျှင် စီးကရက်လေးရှိုက်ဖွာရင်း ဒီအခန်းမှောင်မှောင်အတွင်း ခပ်ဆွေးဆွေးနေမိတာက သူ့အတွက်ဓမ္မတာ ဖြစ်နေခဲ့တာပင်။ နောက်ပြီး သူ့တွယ်တာရာဟာ သူ့အနံ့လေး တစ်မျှင်တစ်စ ကြားရုံဖြင့် အထူအပါး နားလည်တတ်လွန်းသည့် သူ၏အချစ်တော်များပါ။

      "သမီးငယ် မင်းပြောကြည့်စမ်း။ဟိုဒေါက်တာက ဘာလို့ဒီလောက်ဆိုးရတာလဲ"

     ဘေးမှာဝပ်နေသည့် မာယာက ကုတင်ခေါင်းရင်းကို ခပ်လျှောလျှောမှီထိုင်နေသည့် သူ့အနားသို့ တိုးကပ်လာသည်။ တစ်ဖက်ကုတင်မှ ရာဇာကတော့ မှိုင်တွေတွေလေး ငေးကြည့်နေ၏။

      "မုန်းပါတယ်ဆိုတုန်းက သိပ်နာကျင်ခဲ့ရသလို ဘာမှန်းမသိတဲ့ ကြိုးမျှင်တွေရစ်ပတ်လာတဲ့အခါမှာလည်း ပြိုလဲနေရပြန်ရော...။ ကဲပြော ဒယ်ဒီဘာလုပ်သင့်လဲ"

       "ဒါများ....ခြေခုနှစ်ပိုင်း ခေါင်းခုနစ်ပိုင်း အစိတ်စိတ်အမွှာမွှာပိုင်းပြီး ခွေးစာကျွေးလိုက်ပေါ့ ဒယ်ဒီရယ်"

      "Fuck...!မင်းချောင်းလုပ်ရမယ့် မယားငယ်မရှိဘူးကွ။တံခါးလေးဘာလေး ခေါက်​ပြီးမှဝင်...."

    အကြောင်း​တော် မကြားဘဲ ဝင်လာသည့် ဟိဏ်းနှင့်သုခကြောင့် "မလုံသည့်အိုး တုတ်မိုးရုံ​ဖြင့်အာ"ဆိုသလို ဆွေးနေလျှက်က,ရှိနဲ့ သူခိုးလူမိဖြစ်ရပြီမလား။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now