အပိုင်း ၄၈

2.3K 96 0
                                    

(unicode)

" မင်းကလည်းတစ်ခါလာပြီး ပျောက်သွားလိုက်တာ၊ ဘယ်လို့လဲ သော်လင်း၊ ငါပေးလိုက်တဲ့ရေမွှေးရော သုံးကြည့်ပြီးပြီးလား "

" အင်း "

" အဆင်ပြေလား "

" အဟမ်း ဟမ်း ပြေတယ်။ ပြေလို့ပဲ မင်းတို့ဆီမရောက်ဖြစ်တာပေါ့။ ဒါနဲ့ လူထင် မင်းအမေရော  "

" တရားစခန်းသွားတယ်။ အလုပ်အားတုန်း အ ပြေးလေး "

"  တစ်ယောက်တည်းဆိုတော့ ပျင်းနေမှာပေါ့။ အပြင်ထွက်ရအောင် "

" ဘယ်လဲ။ အရက်ဆိုင်ဆို လိုက်မယ် "

" ဟားဟားဟား...မင်းကို ငြိမ်းချမ်းနဲ့တိုင်မယ် "

" မင်းတိုင်ရင် ငါ့လည်းမင်းဘဲကြီးကို ပြန်တိုင်မယ်။ သူက မင်းရဲ့အစားထိုးချစ်သူဆိုပြီး၊ ဘယ်လို့လဲ၊ ငါ သွားတိုင်လိုက်ရမလား "

" မင်း ! မင်းကငညစ်ပဲ "

" ပေါင်းလာတာကြာပြီးကို အခုမှသိလား။ ဟားဟားဟား..."

အပြင်ဘက်မှစကားသံတို့ကို အထင်သားကြားရပေသည်။ ဇန်ငြိမ်ချမ်းကိုထမင်းစားခန်းမှ ဧည့်ခန်းထဲရှိ စွယ်သော်လင်းနှင့်လူထင်ကျော်တို့၏ အပြောတို့ကို နားထောင်လျက် ရေခဲသေတ္တာထဲမှဟင်းများကို ထုတ်ယူနွေးနေလိုက်သည်။

သူငယ်ချင်းသော်လင်း၏မျက်နှာသည် ကြည် လင်နေ၍ အနည်းငယ်စိတ်အေးရ၏။ စိတ်ချမ်း သာနေသည်ကိုသိရ၍ ကျေနပ်မိသည်။ ဒေါ်ပပသိင်္ဂီတော့ ဒေါသထွက်နေလောက်မည်။ ထိုပြင့်သားဖြစ်သူမှာ အိမ်ပေါ်ကဆင်းပြီး သူစိမ်းယောက်ျားတစ်ယောက်အိမ်တွင်ရှိနေသည်ကို
မသိနိုင်စရာအကြောင်းလည်း မရှိနိုင်။

" ဇန်ရေ... ငါဗိုက်ဆာပြီး "

" အေး။ ပြီးပြီး "

ကူမည်မရှိသော လူထင်ကျော်သည် ဗိုက်ဆာကြောင်းဆိုလာ၍ ဟင်းများနွေးနေခြင်းကို အပြီး သတ်လိုက်ရသည်။

..............

ဒေါင်းမာန်ရှေ့မှ အမျိုးသမီးကိုစေ့စေ့ကြည်နေမိသည်။ ထိုအမျိုးသမီးမှာ သူအားစေ့စေ့ကြည့်နေသည်ကိုပင် အပြုံးမပျက်ရှိနေပေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now