အပိုင်း ၄၉

2.3K 85 0
                                    

(unicode)

" ထတော့ လူကြီး၊ ထတော့ဆို ! အလုပ်နောက် ကျတော့မယ်လေ "

၈ နာရီပင်မခွဲသေးသော်လည်း ကလေးငယ်မှာအိပ်ယာထခိုင်းနေလေသည်။

" ခဏလေး ထပ်ပေးအိပ်၊ ကိုယ့်ညက နောက်ကျမှ အိပ်ထားလို့ပါကွာ "

" ခဏပဲနော် "

" အင်း။ ငါးမိနစ်ပဲ "

မှေးနေသူလူကြီးအနားတွင် ပြန်ထိုင်လိုက်ပြီး အချိန်ရေတွက်​နေလိုက်ပြီး အရှေ့ဆံသားအချို့ကျနေသော လူကြီးမျက်နှာကိုကြည့်၍ နှုတ်ခမ်းမဲ့လိုက်သည်။

" အရမ်းကိုကြည်ကောင်းနေဖို့ လိုလို့လား "

ဟုလည်း စိတ်ဝယ်တစ်ခါပြောလေတိုင်း မျက်နှာကိုတစ်ခါ မဲ့နေမိပေသည်။ ဒေါင်းမာန်မျက်လုံးထောင့်မှမြင်နေရသော ကလေးငယ်သည်စူပုတ်ပုတ်ဖြင့် အချိန်မှတ်နေပုံရလေသည်။ ဒီရက်ပိုင်းအတွင်း ကလေးငယ်သည် ပုံမှန်ထက် ပိုရစ်လာ ၏။

အကြောင်းပြချက်မရှိစွာလည်း အလှပိုကြိုက်လာသည်။ အရင်က ရေကိုပင် ပုံမှန်မချိုးချင်သူသည် ယခုနောက်ပိုင်းရေမွှေးနံ့သင်းသင်းဖြင့်
အမြဲရှိနေပေသည်။ ကလေးငယ်ထံမှရသောသကြားလုံးရနံံ့သည်လည်း တစ်မျိုးဆွဲဆောင်မှုရှိလေ၏။

ထိုပြင့် အချဥ်အစပ်များလည်း ပိုကြိုက်လာ၏။ အစပ်များစားပြီး ဝက်ခြံထွက်လာလျှင်လည်း တသသဖြစ်သူမှာ နှစ်ယောက်မရှိ။ အသားရည်ထိန်းသိမ်းမှုသည် တစ်ယောက်တည်းနှင့် မပြီးသေး။ အလုပ်ခန်းထိလည်း အရိပ်အခြေကြည့်ပြီး နောက်ကျောပြင်လေးကိုအဆီများ တစ်မျိုးပြီးတစ်မျိုး လာလူးခိုင်းတတ်သေး၏။

အလှပြင်ပစ္စည်းများစွာဝယ်လာသော ကလေးငယ်ကို အံ့သြရ၏။ ကလေးငယ်ဘယ်လောက်သုံးသုံး ဒေါင်းမာန် အေးဆေးရှာနိုင်သည်။ သို့ သော် ကလေးငယ်၏ပြောင်းလဲမှုကိုမူ အနည်း ငယ်စိတ်ပူမိသည်။

" ငါးမိနစ်ပြည့်ပြီး "

" အင်း...ကိုယ်နိုးပြီး "

ရေချိုးခန်းထဲဝင်သွားသူ၏ကျောပြင်ကျယ်ကိုကြည်၍ မျက်စောင်းထိုးလိုက်သည်။ အချိန်ကိုမလေးစားသော လူကြီး။ နောက်တစ်ယောက်ရှိသေး၏။ ထိုသူမှာ ဦးလေးကြီးပင်။ တစ်ညတစ်ည အပြင်ထွက်နေသူဖြစ်၍ အိမ်သိပ် မကပ်။ အ လုပ်အားလုံးကို လူကြီးထံပုံအပ်၍လုပ်ကိုင်ခိုင်းထားပြီး အချောင်ခိုနေသူဦးလေးကြီးကိုလည်း စိတ်ဆိုးမိသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now