အပိုင်း ၅၀

2.9K 94 1
                                    

(unicode)

" လူထင် "

" ဟင် "

" မင်းငါ့အိမ်မှာ လာအိပ်တာအခါများနေပြီး "

" ဘာဖြစ်လို့လဲ ဇန်၊ မင်းမကျေနပ်ဘူးလား။ မကျေနပ်ရင် ငါ့အိမ်မှာလိုက်အိပ်လေ "

" မဟုတ်ဘူးလေ၊ မင်းကို အိမ်ပြန်အိပ်ဖို့ ပြောနေတာ "

" မင်းပါလိုက်လာလေ၊ မင်းလည်းငါကို တစ်နေ့မစားရရင် မနေနိုင်ဘူးမလား "

တည့်တိုးပြောလာသော လူထင်ကျော်၏ပြောင် ချော်ချော်စကားကြောင့် ဇန်ငြိမ်းချမ်းကို မပြုံးမိအောင် မျက်နှာကို ပြန်တည်ထားရလေသည်။

" ဒါပေမယ့် နေ့တိုင်းဆိုမင်းအဆင်မပြေမှာ စိုးလို့ပါ "

" မပူနဲ့။ ငါ အ ဆင် ပြေ တယ် "

နှုတ်ခမ်းထက်ကျရောက်လာသော နောက်နှုတ် ခမ်းတစ်စုံ။ လာရောက်နမ်းရှိုက်လာသော်လည်း ပြန်နမ်းရှိုက်မှုမပြီးသေးခင် ဖယ်ရှားသွားသော လူထင်နှုတ်ခမ်းလေးကြောင့် အသည်းတယားယား ဖြစ်ကျန်ခဲ့ရလေသည်။

" ချိုလား "

အမေးအတွက်အဖြေရှာရန် လူထင်ကျော်၏ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်၍ နမ်းရှိုက်မှုကို စတင်လိုက်သည်။ အရန်သင့်ဖွင့်ဟပေးလာသော နှုတ်ခမ်းလွှာကြားသို့ လျှာဖျားလေးကိုလည်း တိုးဝင်စေလိုက်သည်။ နူးညံ့သော လျှာ ဖျားလေးနှစ်ခုတို့ကို အချင်းချင်းလိမ့်ယှက်လျက် အရှိန်ပြင်းပြင်းနမ်းရှိုက်နေသည်။ အားပါသောအနမ်းရှည်တို့ကြောင့် အခန်းတွင်းဝယ် နမ်းရှိုက်သံတို့ဖြင့် ပဲ့တင်ထပ်နေပေတော့သည်။

လက်တို့သည်လည်း ဗိုက်သားချပ်ချပ်လေးကိုပွတ်သပ်နေမိ၏။ ဗိုက်ထက်ရှိ လူထင်လက်တို့ကြောင့် အနမ်းဂဟေဆက်လျက်ဖြင့် ပြုံးရသည်။ ပွတ်သပ်နေသောလက်ကို ကိုင်လိုက်ပြီး ရင်ဘတ်တို့ပေါ် တင်ပေးလိုက်သည်။

နူးညံ့သောအသားစိုင်တို့ကို ထိတွေ့နေရသည်ဟူ သော အတွေးနှင့်တင် ရင်ထဲပျော်ရွှင်လာသည်။ အနမ်းကိုကျွမ်းကျင်စွာပုံဖော်နေသော ဇန်သည်ကောင်မလေးတစ်ယောက်တည်း ထားဖူးခဲ့သူဆိုသည်ကို မယုံကြည်နိုင်စွာ ရည်းစားများသခဲ့သူထက်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ နမ်းရှိုက်နိုင်ပေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now