Chapter-23

1.7K 311 15
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်

ကျီလုပ်ငန်းစုကလက်ရှိမှာပြဿနာအခက်အခဲတွေနဲ့ရင်ဆိုင်နေရသည်။
ဧည့်ခန်းမထဲမှလူတွေကလည်း ကျီဇီရွှမ်ရဲ့စီမံခန့်ခွဲမှုအားနည်းတာကိုအကြောင်းပြုပီး သူ့ကိုရာထူးမှဖယ်ရှားရန်ကြံစည်နေကြသည်။
ကုရှီးယွီဖတ်ထားတဲ့မူလဇာတ်ကြောင်းအရဆို ကျီဇီရွှမ်ကအကျပ်အတည်းများနဲ့ကြုံပီးအတော်လေးရုန်းကန်ရမည်ဖြစ်သည်။
ကျီလုပ်ငန်းစုတွင် အားနည်းချက်တွေ ယိုပေါက်တွေအများကြီးအားဖြေရှင်းရန်လိုနေသည်။
ကျီဇီရွှမ်ကုမ္ပဏီအားလက်လွှဲယူလိုက်သောအခါ ထိုအခွင့်အရေးကိုအသုံးချပီး ကုမ္ပဏီကိုသစ္စာဖောက်ရန်လူအချို့ရှိနေသည်။
အရင်ဆုံး ကုမ္ပဏီမှရာထူးကြီးလူတချို့က ဆန့်ကျင်ရန်စတင်လာပီး ရှယ်ယာရှင်အချို့ကလည်းရုတ်တရက်နှုတ်ထွက်ကုန်ကြသည်။
ထိုအချိန်မှာပဲ တရားရုံးမှလည်းကျီလုပ်ငန်းစုကဥပဒေနဲ့မကိုက်ညီတဲ့ဆောက်လုပ်ရေးလုပ်နေတယ်ဆိုပီး သတိပေးစာပို့လိုက်သည်။
ထိုအခြေအနေအရပ်ရပ်ကြောင့် ကျီလုပ်ငန်းစုကအဖက်ဖက်မှထိုးနှက်ခံနေရသည်။

ကျီဇီရွှမ်ကသူ့ရာထူးကိုလက်လွတ်လိုက်ရခါနီးမှာပဲ ဗီလိန်ဖြစ်တဲ့ကျီချင်ကပဲ ကျီဇီရွှမ်အတွက်မားမားမတ်မတ်ရပ်တည်ကာထောက်ပံ့ပေးပီး ကာကွယ်ပေးခဲ့သည်။
အဲ့ဒါကလည်းဗီလိန်အနေနဲ့ကျီဇီရွှမ်ရဲ့ယုံကြည်မှုကိုရယူကာ ကျီလုပ်ငန်းစုအတွင်းကိုထိုးဖောက်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။
ကုရှီးယွီစခရင်ကိုဖွင့်လိုက်တော့ အဓိကမစ်ရှင်ရဲ့ကံကြမ္မာနဲ့ပတ်သက်တဲ့ဒေတာတွက်ချက်မှုအရ ကျီချင်ကကျီဇီရွှမ်ရဲ့ယုံကြည်မှုကိုရယူရန်အတွက် လူအများရှေ့တွင်ကူညီချင်ယောင်ဆောင်လိမ့်မည်ဖြစ်သည်။
ဆိုတော့ကာ အခုကျီလုပ်ငန်းစုအဖက်ဖက်မှထိုးနှက်ခံရတဲ့အကြောင်းအရင်းတွေကရော ကျီချင်ပဲလုပ်ထားတာများဖြစ်နေမလား...
ကုရှီးယွီမနေသာတော့ဘဲမေးလိုက်သည်
"Systemရ ဗီလိန်ကဒီအချက်ထိရောက်အောင်တောင်ကြံထားတာ၊ငါ့ကိုဘာလို့ဘာမှအသိမပေးတာလဲ"

[ကျနော့်ဆီမှာလည်း ဘာအသိပေးချက်မှမ၀င်ပါဘူးဗျာ]
Systemကပြန်ဖြေလာတော့ ကုရှီးယွီကလည်းအဓိကမစ်ရှင်ဘာမှမတက်လာတာတွေ့တော့ သူခေါင်းကိုက်လာသည်။
ကုရှီးယွီနဲ့ကျီချင် ခန်းမထဲ၀င်လာတော့လူတိုင်းကသူတို့ကိုအာရုံစိုက်လာကြသည်။
လင်ဖန်းရူက ကျီချင်ဒီမှာပြဿနာရှာဖို့လာတယ်လို့ထင်လိုက်သည်။
သူမထိုင်နေရာမှ ဖျတ်လတ်စွာမတ်တပ်ရပ်လိုက်ပီး ထက်ရှတဲ့လေသံနဲ့
"ဒီနေ့ငါတို့က ကျီမိသားစုနဲ့ပတ်သက်ပီးဆွေးနွေးဖို့ကျီမိသားစုနဲ့ပတ်သက်တဲ့သူတွေကိုခေါ်ထားတာ။
မင်းကဘာလာလုပ်တာလဲ"
ကျီချင်ကခန်းမထဲမှလူတွေကိုကြည့်လိုက်ပီး တည်ငြိမ်စွာပဲ
"သခင်မကြီးချစ်ရတဲ့မြေးလေးက လာခဲ့ပါဆိုပီးပြောလို့"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now