​ခြေဆင်း

400 13 1
                                    

[ Unicode ]

အချိန်ငါးနာရီအတွင်း လူတယောက်ကို ခင်ဗျား ချစ်မိသွားနိုင်တယ်ဆိုတာကို ကိုယ်တိုင်မကြုံရခင်အထိ ကျွန်တော် လုံးဝ မယုံကြည်ခဲ့ဘူး။

[ အကြောင်းအရာ သတိပေးချက်: (၁) ဒီဇာတ်လမ်းက bl ဖြစ်ပြီး (၂) အသက်အရွယ် ကန့်သတ်ချက်ရှိတဲ့ ဝတ္ထုအမျိုးအစား ( မိမိကိုယ်ကိုမိမိ အဆုံးစီရင်ဖို့တွေးနေတဲ့ အတွေးတွေ ) ဖြစ်ပါတယ်။ ဒီလိုအမျိုးအစားက ခင်ဗျားကို အလွယ်တကူစိတ်ထိခိုက်စေနိုင်တယ်ဆိုရင် ကျေးဇူးပြုပြီး မဖတ်ပါနဲ့။ အဲ့ဒီအပြင်တော့ ဒီဇာတ်လမ်းကို နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ]

ကျွန်တော့်နာမည်က ဝိုက်ရက် အေဘရန်။ နာမည်ပြောပြရတာ ကိစ္စရှိလို့တော့ မဟုတ်ဘူး။ ကျွန်တော့်ဘဝရဲ့နောက်ဆုံးလက်ကျန်နာရီတွေကို ဖြတ်သန်းနေရပြီမို့လို့ ဘာကိစ္စကမှလည်း အရေးကြီးမနေတော့ပါဘူး။

ကျွန်တော် ရောဂါကျွမ်းနေတာမဟုတ်ဘူးဗျ၊ မဟုတ်ဘူး။ ကျွန်တော် ကိုယ့်ကိုကိုယ်သတ်သေဖို့ တွေးနေတာလို့ ခင်ဗျားပြောမယ် ထင်တယ်။ ဒါပေမဲ့ တကယ်တမ်း မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ထိခိုက်နာကျင်အောင်လုပ်ဖို့ ကျွန်တော် တခါမှ မတွေးဖူးဘူး။ ကျွန်တော့်ရဲ့သေဆုံးမှုက ကျွန်တော့်အတွေးလည်း မဟုတ်ရပါဘူး။ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်။

ကျွန်တော် အကုန်လုံး ကြိုတင်စီစဉ်ထားတာ။ ဒီနေ့ စက်တင်ဘာ(၁၆)ရက်၊ ည(၁၀)နာရီ (၁၂)မိနစ်မှာ မြို့လယ်တံတားပေါ်ကနေ ကျွန်တော် ခုန်ချမလို့။ တကယ်လို့ အမြင့်ချည်းသက်သက်နဲ့၊ အောက်က ကျောက်စိုင်တွေနဲ့တင် ကျွန်တော် ဇီဝိန်မကြွေခဲ့ဘူးဆိုလို့ရှိရင် ကျွန်တော် အသက်အောင့် သေမယ်။

ပထမဦးဆုံးမေးခွန်းက "ဘာလို့တုန်း" ထင်ပါရဲ့။ ဝိုက်ရက် အေဘရန်က သူ့ကိုယ်သူ ဘာလို့ သတ်သေမှာတုန်း။

အင်းပေါ့လေ၊ စာရှုသူကြီး၊ အဲ့ဒါ အဓိကပဲဟာ။ ကျွန်တော့်အကြောင်း ခင်ဗျား ဘာမှ မသိပါဘူး၊ ဘယ်သူတဦးတယောက်ကမှ ကျက်သရေတုံးပြီး မသိကြဘူး။ ဘာလို့ဆို လူတိုင်းက လင်း ခေါင်းထိသွားတာလို့ ထင်နေတာကိုး။ ဒါပေမဲ့ မဟုတ်ဘူး။ လင်းကို ကျွန်တော် သတ်လိုက်တာ။ ကျွန်တော်က လူ့အဖွဲ့အစည်းကြီးထဲမှာနေနေတဲ့ လူသတ်ကောင်။

ထွက်သက် တွယ်ငွေ့  [ ဘာသာပြန် ]Where stories live. Discover now