Chapter 60

27.1K 3.4K 277
                                    

Unicode

ရွမ်ဝမ်ရွှမ်းဘက်က ညလယ်စာစားဖို့ စဖိတ်တယ်
__________________________________

ရွမ်ဝမ်ရွှမ်းက စွင်းရွှင်ကိုကြည့်မရဘူးဟု ပြောသည်မှာ အမှန်မဟုတ်ပေ။ ဘာလို့လဲဆိုတော့ ထိုစကားကတစ်ဝက်သာမှန်သည်။ အမှန်မှာ သူက စွင်းရွှင်ကိုရော ချန်ရွှမ်းလန်ကိုပါ ကြည့်မရပါ။ စွင်းရွှင်၊ ချန်ရွှမ်းလန်နှင့် ရွမ်ဝမ်ရွှမ်းမှာ ဒီ Showထဲတွင် နာမည်အကြီးဆုံး ထိပ်ဆုံးသုံးယောက်ဖြစ်သည်။ ထို့ကြောင့် ပရိုဂရမ်အဖွဲ့က အသင်းခေါင်းဆောင်ရွေးသည့်အခါ ထိပ်ဆုံးနေရာမှာရပ်နေသော စွင်းရွှင်နှင့်ချန်ရွှမ်းလန်ကိုသာ ခေါင်းဆောင်အဖြစ်ရွေးလိုက်ကြပြီး ဒုတိယနာမည်အကြီးဆုံးဖြစ်သည့် ရွမ်ဝမ်ရွှမ်းက ဟိုမရောက်ဒီမရောက်ဖြင့် ကွက်ကျန်ခဲ့သည်။

အသင်းခေါင်းဆောင်နေရာက အခြားအသင်းသားတွေနဲ့မတူပါ။ အသင်းခေါင်းဆောင်က ရိုက်ကွက်ပိုရမည်ဖြစ်ကာ ထိုရာထူးကြောင့်ပဲ ပရိတ်သတ်ဆီကနေ အမြင်ကောင်းပိုရမည်ဖြစ်သည်။ ဖန်သားပြင်ပေါ် ပြသသည့်အခန်းပိုများခြင်းနှင့် အမြင်ကောင်းရှိခံရခြင်းက လူကြိုက်ပိုများစေသည်။ 《 လာပါ၊သူငယ်ချင်း! တိုက်ခိုက်လိုက်ကြရအောင်! 》လွှင့်သောအချိန်တွင် အကျိုးအမြတ်အရဆုံးလူနှစ်ယောက်မှာ စွင်းရွှင်နှင့် ချန်ရွှမ်းလန်ဖြစ်လာခဲ့သည်။

အစကတည်းက နာမည်ရှိခဲ့သည့်အပြင် Showကျေးဇူးကြောင့် ပိုနာမည်ကြီးသွားသည်။ အွန်လိုင်းပေါ် ရေပန်းစားသွားကာ ကြော်ငြာတွေ၊ရုပ်ရှင်တွေစသည့် အခွင့်အလမ်းကောင်းတွေမှာလည်း ဝင်လာမစဲတသဲသဲဖြစ်သွားသည်။ ရလာဒ်အနေနဲ့ကတော့ ထိုနှစ်ယောက်နှင့် သူ့ကြားမှာ အရမ်းကွာဟသွားလေသည်။

သုံးယောက်သား ၈၅မှတ်မှာရပ်နေကြသည်။ သို့သော် သူက ကပ္ပတိန်နေရာမရလိုက်တာကြောင့် စွင်းရွှင်နှင့် ချန်ရွှမ်းလန်မှာ ၉၀ကိုခုန်တက်သွားကာ သူကတော့၈၅မှာသာ ရပ်ကျန်ခဲ့သည်။ သဘာဝကျစွာပင် ရွမ်ဝမ်ရွှမ်း ထိုအခြေအနေကိုကြည့်ပြီး မကျေမနပ်ဖြစ်လာခဲ့သည်။ တကယ်လို့သူသာ အသင်းခေါင်းဆောင်ဖြစ်ခဲ့လျှင် တကယ်လို့သူသာ ထိုနှစ်ယောက်လို ရိုက်ကွက်များများရခဲ့လျှင် ပရိုဂရမ်အဖွဲ့ကဦးစားပေးမည့် သရုပ်ဆောင်မှာ သူဖြစ်လာလိမ့်မည်။ ပရိတ်သတ်တွေရဲ့ အသည်းကျော်ကလည်း သူဖြစ်လာနိုင်ပြီး ထိုနှစ်ယောက်မဟုတ်လောက်ပေ။ ထိုကဲ့သို့ မကျေမနပ်ချက်များနှင့် မနာလိုမှုများက တဖြည်းဖြည်းစုပုံလာသည့်အခါ ရွမ်ဝမ်ရွှမ်းတစ်ယောက် စွင်းရွှင်နှင့်ချန်ရွှမ်းလန်ကို ကြည့်လေကြည့်လေ မျက်စိဆံပင်မွေးစူးလာလေဖြစ်ပြီး သူ့အတွက် မတရားသလို ခံစားလာရသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now