၉၁

15.2K 2K 106
                                    

Unicode

ခရီးလမ်းတွင် တစ်ထောက်မျှ အနားယူခြင်း

၎င်းဆက်သွယ်ရေးစက်သည်ကား ချန်းကျင်းငယ်စဉ်ကတည်းမှစ၍ အသုံးပြုလာခဲ့သော ပစ္စည်းဖြစ်ရသည်။ အင်ပါယာကမ္ဘာမှ ထုတ်လုပ်သည့် ဆက်သွယ်ရေးစက်များက အရည်အသွေးကောင်းမွန်လှ၍ ပုံမှန်ဝန်ဆောင်မှု သက်တမ်းကို နှစ်ငါးဆယ်ခန့် ကြာမြင့်တတ်သည့်အပြင် သုံးနေစဉ်ကာလတွင်လည်း သက်တမ်းတိုးလို့ရသေး၏။

ချန်းကျင်းသည် အကျႌလက်ခေါက်ကို အောက်သို့တဖြည်းဖြည်း ပြန်ချရင်း လက်ကောက်ဝတ်ထက်မှ screen သေးသေးလေးအား ထိတွေ့လို့လာခဲ့မိသည်။ ထို့နောက် သူကဆို၏။

"အဲ့ဒီနေ့တုန်းက..ခွဲစိတ်ခန်းဝင်ရမှာမို့ ကျွန်တော်က ခင်ဗျား မလာလောက်ဘူးထင်နေခဲ့တာ"

ထိုနေ့က ကားပေါ်တွင်ရှိနေစဉ် ကယ်ဆယ်ရေးအာကာသယာဉ်များပေါ်၌ လုထောင်၏စစ်တပ်ဌာန အမှတ်အသား ပါရှိမှန်း ချန်းကျင်းလည်း သိခဲ့ပါ၏။ ထို့ကြောင့် လုထောင်သည်လည်း ၎င်းယာဉ်များထဲမှ တစ်စီးစီးတွင် လိုက်ပါလာနိုင်ကြောင်း တွေးမိပြီးသားပါပင်။

သို့သော် လုထောင်က သူ့အတွက်ကြောင့်နှင့် ထိုကဲ့သို့ အသည်းအသန်လိုက်လာကြောင်း ဖြစ်မည်ဟု တွေးရဲသည်အထိတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိခဲ့ပါချေ။ ထို့ကြောင့် ချန်းကျင်းက ဤကဲ့သို့ ဆက်ဆိုလာခြင်း ဖြစ်ပေ၏။

"ဟုတ်ပါတယ်လေ။ ဒီလိုတာဝန်မျိုးက အမြဲတမ်း ခင်ဗျားပဲ လုပ်နေကျကို။ ပြီးတော့ ခင်ဗျားကပဲ ဒီကိစ္စအတွက် အသင့်တော်ဆုံးဆိုတော့"

ချန်းကျင်းက တစ်ခဏမျှ စကားရပ်လိုက်၍ ရုတ်တရက် အမေးတစ်ခုအား ထပ်ဆိုသည်။

"ခွဲစိတ်မှုကရော...အောင်မြင်သွားတာလား?"

မေးခွန်းမေးပြီးသည်နှင့် တစ်ဆက်တည်းမှာပင် ချန်းကျင်း၏စိတ်ထဲ၌ စရိုက်ကွဲလုထောင်နှင့် အတူရှိနေခဲ့ဖူးသည့် အမှတ်တရအချို့က ထင်ဟပ်လာရပြန်၏။ ထို့နောက်တွင် တစ်ဖက်လူက ပျောက်ကွယ်သွားလောက်ပြီဖြစ်ကြောင်း တွေးမိသောအခါ ချန်းကျင်းသည် တမဟုတ်ချင်း ဝမ်းနည်းလာမိ၍ အပြီးတိုင် လက်မလွှတ်လိုက်ချင်သည့် စိတ်များလည်း တဖွားဖွား ပေါ်ပေါက်လာရလေတော့သည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now