Chapter - 11 (Part 1)

682 133 0
                                    

Unicode

ခိုးရာလိုက်ဖို့ တိုက်တွန်းခြင်း ~

ငါ ထွက်သွားတော့မယ်။ တစ်ခုတည်းသောပြဿနာက သ​ခင်ကြီး​ကျောင်းစီလိုက်သတ်တဲ့ရန်ကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာပဲ။

သင်္ဘောက ​ဒီ​နေ့ ​နေ့လည် ၂ နာရီခွဲမှာ ထွက်မှာ​လေ။

ငါ မနက် ၅ နာရီခွဲမှာ အိပ်ရာထပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ, စာတွေနဲ့ အခကြေးငွေတွေကို စုဆောင်းလိုက်တယ်။ အဲ့ဒါကလွဲလို့ အခြားသူတွေရဲ့ သံသယတွေမဝင်စေဖို့နဲ့ ထွက်ပြေးရတာ လွယ်ကူစေဖို့အတွက် အခြား ဘာကိုမှ ငါ မယူထားဘူး။

ငါ မနက်စာစားပြီးတာနဲ့ အခန်းကို သပ်သပ်ရပ်ရပ်လုပ်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်တယ်။ ငါ ဒီအကြောင်းကို ငါ့သူငယ်ချင်းနဲ့ ပြောထားပြီးသား။ ငါ့ရဲ့သူငယ်ချင်းက ငါ့ခရီးဆောင်အိတ်ကို ရွှေ့ပြောင်းဖို့နဲ့ ရက်အနည်းငယ်အတွင်းမှာ ငါ့ရဲ့ငှားရမ်းထားမှုကို ပြန်အမ်း​​ပေးဖို့ ကူညီ​​လိမ့်မယ်။ ဒါမှမဟုတ် ငါ့ရဲ့လက်ကျန်ပစ္စည်းတွေကို ရွှေ့​ပြောင်းဖို့အတွက် ကူညီ​ပေးမှာဖြစ်တယ်။

ငါ တံခါးကို ဖွင့်လိုက်တော့ ​ကျောင်းကုန်းဇီကို တွေ့လိုက်ရတယ်။ သူက ကိုယ်အလေးချိန်ကျသွားပြီး ငါ့ရဲ့၀တ်စုံနဲ့ သားရေဖိနပ်​တွေ, လည်စည်းနဲ့ ဦးထုပ်​ကိုပါ ၀တ်ဆင်ထားတယ်။

သူက ငါနဲ့ စကားပြောချင်တယ်လို့ ​ပြောတယ်။

ငါ့မှာ သူနဲ့စကားပြောဖို့အတွက် သဘောတူလိုက်ရုံသာ တတ်နိူင်ခဲ့တယ်။

​ကျောင်းကုန်းဇီနဲ့ ငါ ကော်ဖီဆိုင်တစ်ဆိုင်ကို သွားလိုက်တယ်။ ငါတို့ တိတ်တိတ်ဆိတ်ဆိတ်ပဲ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေခဲ့ကြတယ်။ ဒါက အ​တော်​လေး ​နေရခက်တာပဲ။

အချိန်အတော်ကြာပြီးတဲ့နောက် သူက ချက်လက်မှတ်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်, "ဒါကို နိုင်ငံခြားမှာ သုံးလို့ရတယ်, ပြီး​တော့ အဲ့တာကို အ​ဖေ ခြေရာခံနိုင်မှာ မဟုတ်ဘူး"

ငါက ​ပြောလိုက်တယ်, "ငါ ဒါကို လက်မခံနိုင်ဘူး"

​ကျောင်းကုန်းဇီက ​ပြောတယ်, "မင်း လက်မခံဘူးဆိုရင်တောင်မှ လက်ခံရမှာပဲ"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now