အပိုင်း ၁

6.4K 174 7
                                    


🌈🌈🌈🌈🌈

" အပြုံးရေ "
ဝ ဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦး၏အသံ ။ လည်ပင်းတွင်လည်း ရွှေဆွဲ​​ကြိုး့က ကြီးကိုဆွဲထားသည် ။ လက်တွင်လည်းရွှေဆိုသည့်ပစ္စည်းကြီးတွေကနေရာယူလျက် ။

" ဟုတ်ကဲ့ ပြောပါကြီးငွေခင် "
အပြုံးကပြန်၍ပြောလိုက်သည်။ ဒေါ်ငွေခင်ဆိုသည့်အမျိုးသမီးသည် ရွာ၏ သူကြီး ဦးကျော်ဝန ၏ဇနီးတစ်ယောက် ။ မျိုးရိုးစဥ်ဆက်ချမ်းသာလာသည့်သူဌေးမျိုးရိုးပင်။

" ခဏနေ ရေခပ်ပေးပါဦးကွယ် "

" ဟုတ်ကဲ့ပါ ကြီးငွေခင် ခဏနေအပြုံးလာခဲ့ပါ့မယ် နော် "

" အေးအေး "
ကျွန်တော့်နာမည်က ပြုံးသာချို ပါ။ မိဘတွေကတော့ဘယ်သူဘယ်ဝါမှန်းမသိခဲ့ပေ ။ ကျွန်တော့်ကို ကပ္ပိယကြီးဦးသာအောင်က ကျွေးမွေးစောင့်ရှောက်ခဲ့လို့ ယခု အသက် ၁၆နှစ်ရောက်ခဲ့လေပြီ ။ သို့ပေမယ့်မနှစ်ကပဲ ကျေးဇူးရှင်ကပ္ပိယကြီးက ကွယ်လွန်သွားခဲ့သည် ။ ထို့ကြောင့်ရွာထဲရှိရေခပ်ထင်းခွဲ အလုပ်လေးတွေကိုရှာကာပိုက်ဆံစုခဲ့သည် ။ အားကိုးစရာဆိုလို့ မည်သူမှမရှိပေ ။ တစ်ကောင်ကြွက်ဆိုတော့ပိုဆိုး ။ အခုလည်း ရေခပ်သွားရပေဦးမည် ။
ပင်ပန်းသည်ဆိုပေမယ့်လည်းဘယ်တတ်နိုင်မလဲဗျာ ။ လုပ်ရမှာပဲ ။ ကျွန်တော်တို့ရွာလေးက မန္တလေးနားကဗျ ။ ရွာနာမည်က အေးချမ်းစေ ရွာလို့ခေါ်တယ် ဗျ ။
ကျွန်တော်လည်းရေခပ်ရန်သူကြီးတို့အိမ်သို့ရောက်ခဲ့လေပြီ ။ သူကြီးရဲ့အိမ်က နှစ်ထပ်တိုက်ပုလေးဖြစ်၏ ။ ရွာမှာတော့ သူကြီးရဲ့အိမ်က ကျွန်တော်မြင်ဖူးသမျှလေးထဲမှာအခမ်းနားဆုံးပေါ့ဗျာ ။
ယခုသူကြီးက အကြမ်းရည်သောက်နေလေ၏ ။ သူကြီး ရဲ့ဇနီးဖြစ်သူကြီးငွေခင်ကတော့ နောက်ဆုံးပေါ်ဖုန်းဆိုလား ဘာဆိုလားကြည့်နေတယ်ဗျ ။ ကျွန်တော်ကတော့မသိပါဘူးဗျာ ။ ရွာမှာ တီဗွီရှိတဲ့အိမ်က ၂ အိမ်လောက်ပဲရှိတယ် ။ ဇာတ်ကားတွေကြည့်ချင်ရင်တော့ သွားကြည့်ရတယ်ဗျို့ ။

" သူကြီးရေ ကြီးငွေခင် ကျွန်တော် ရေခပ်တော့မယ် နော် "

" အေးကွယ်.... "
ကြီးငွေခင်မှဖြေသည် ။ကြီးငွေခင်သည် ပါးစပ်ပေါက်လည်းဆိုးသလောက် စိတ်သဘောလည်းကောင်းသည်။ ကျွန်တော့်အတွက် ထမင်း ဟင်းတွေလည်းကျွေးတယ်ဗျ ။
ကျွန်တော်လည်းကန်ကြီးထဲသို့ရေခပ်ပြီး ပိုက်ဆံယူရန်အတွက် ကြီးငွေခင်ဆီသို့သွားလိုက်၏။

ဦးကိုချစ်တဲ့ကောင်လေးWhere stories live. Discover now