အေးစက်စက်ခံစားချက်ကိုရလိုက်သည့်အချိန်မှာSooတစ်ယောက်မေ့မြောနေရာမှလက်ရှိကိုပြန်လည်နှိုးထလာသောအခါလက်နှစ်ဖက်မှတင်းကျပ်သောနာကျင်မှုကိုဦးစွာသိလိုက်သည်။ခြေနှစ်ဖက်လုံးကိုအေးစက်နေသောကြမ်းပြင်ပေါ်တွင်ဖိနပ်မပါစေပဲထောက်မိလျက်သား...
သူမကိုတိုင်နှင့်ပူးစေပြီးနောက်ပြန်အနေအထားနှင့်လက်ကိုကြိုးတုပ်ထားခြင်းပင်....
သူမေနာက်ဆံုးမှတ်မိတာက ဟိုလူကြီးရိုက်လိုက်ပြီးကျောက်တုံးနှင့်ခေါင်းနှင့်ရိုက်မိတာဖြစ်မည်။ထိုအရှိန်ကခုထိမပျောက်သေး။
ခေါင်းထဲမှာတဆစ်ဆစ်နဲ့ကိုက်နေတုန်း...
“မိန်းကလေး သတိရလာပြီလား ဘယ်လိုနေလဲ ထွက်ပြေးဖို့ကြိုးစားချင်သေးလားဟက်.."
“ရှင်..က..ဘယ်သူလဲ ကျမနဲ့ရန်ငြိုးရန်စရှိရအောင်လည်းရှင်နဲ့တစ်ခါမှမသိခဲ့ဖူးဘူး'
“နေပါဦး အေးဆေးပြောပြမှာပေါ့ ရော့ရေသောက်ဦး"
ထိုလူလှမ်းပေးလာသောရေခွက်ကိုတစ်လှည့်ထိုလူကိုတစ်လှည့်Sooကြည့်မိသည်။လက်ကိုကြိုးတုပ်ထားပြီးမှဘယ်လိုသောက်ရမလဲ။ဦးနှောက်မှမှန်သေးရဲ့လား။ အရူးပဲနေမှာ။ဒါကြောင့်ပဲ လူကိုဖမ်းထားတာ..
“ဪ မေ့လို့ မင်းလက်ကချည်ထားတာပဲ ကိုယ်ကပဲတိုက်ရမှာပေါ့လေ ဟား"
“မတိုက်နဲ့ ကြိုးခဏဖြည်ပေး ကိုယ့်ဘာသာကိုသောက်မယ်"
“ဟ ကြီးကျယ်လိုက်တာ ငါဖြည်ပေးလို့မင်းကပြေးရင် ငါနောက်တစ်ခါမောမှာပေါ့ ငါအဲ့လောက်မတုံးသေးဘူး"
“ရှင်ဖမ်းလာတာဘယ်နေရာမှန်းတောင်မသိရသေးဘူး ပြေးဖို့ကြံပါ့မလား ပြီးတော့ နောက်တစ်ခါအသားနာမခံနိုင်ပါဘူး"
စကားကိုပြတ်သားစွာဆိုလာသောထိုမိန်းကလေးကြောင့် Leoလည်းဘာမှမပြောနေတော့ပဲ ခဏဖြည်ပေးလိုက်သည်။
Sooလည်းရေသောက်ပြီးတော့တိုင်မှာပြန်ပြီးကပ်နေလိုက်သည်။ဒီအခြေအနေရောက်မှမထူးတော့...
သူကယောက်ျားသားလေ။Sooလိုအားနွဲ့တဲ့မိန်းကလေးတစ်ယောက်ကဘယ်ယှဉ်နိုင်မည်နည်း..
ပြီးတော့ ဘာကြောင့်ဖမ်းရတယ်ဆိုတာကိုသိချင်တာလည်းပါသည်။
YOU ARE READING
မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]
Romanceတတ်နိုင်သလောက်ကြိုးစားပြီးကောင်းအောင်ရေးထားပေမယ့်အဆင်မပြေရင်သည်းခံပြီးဖတ်ပေးပါ💜💙
![မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]](https://img.wattpad.com/cover/295035381-64-k721952.jpg)