Chapter - 91

7.4K 1.3K 94
                                    

ဆုချီက ပါးစပ်ဟလာရာမှ ဘာမှတောင်မပြောရသေးပဲ တရှုံ့ရှုံ့နဲ့ မျက်ရည်တွေစကျလာတော့တယ်။

ရင်းချဲယ် လုံး၀ကို အံ့ဩမိသွားတယ်။
 
သူ့လေသံပဲ တအားမာသွားလို့လား?

အိတ်ကပ်ထဲနှိုက်ကြည့်တော့လည်း တစ်ရှူကပါမလာ၊ ဒါနဲ့ လက်တစ်ဖက်မြှောက်ပြရင်း သူမကိုနှစ်သိမ့်ဖို့ ကြိုးစားလိုက်တယ်။
‘‘ငါ.....”

ဆုချီကမူ ကြောက်ကြောက်လန့်လန့်နဲ့ နောက်ဆုတ်သွားတယ်။
‘‘မလုပ်ပါနဲ့ တောင်းပန်ပါတယ် ကျန့်ယောင်ကို ငါမကြိုက်မိခဲ့သင့်တာပါ ဟင့် အဟင့်.....”

ရင်းချဲယ်က မျက်မှောင်ကြုတ်ကာ
‘‘သူ့ကိုမကြိုက်ရဘူးလို့ ငါမပြောပါဘူး.....”

‘‘ဘာဖြစ်ကြတာလဲ?”

...

အမှတ်နှစ်မှတ်အလျှော့ခံရတဲ့ အကြောင်းရင်းကို‌ မေးဖို့အတွက် ကျန့်ယောင် စောနလေးတင် ရုံးခန်းကိုရောက်ခဲ့တယ်။ တကယ်လည်း အဲ့ဒါက သင်္ချာဆရာရဲ့နောက်ဆုံးသည်းခံနိုင်စွမ်းဖြစ်နေတယ်။ သူစာသင်ခန်းပြန်ပြီး ကောင်စုတ်လေးရဲ့ အကြားအမြင်စွမ်းရည်ကိုချီးကျူးမလို့ရှိသေး အပြန်လှေကားထိပ်မှာ ဒီမြင်ကွင်းကို တွေ့ရတော့တာပဲ။

ဆုချီက အသည်းအသန်ကိုငိုယိုနေပြီး
‘‘ကျန့်‌ယောင်....အဟင့်....သူငါ့ကိုထိုးတယ်....” 

မိန်းကလေးတစ်ယောက် ငိုယိုနေတဲ့မြင်ကွင်းကိုတော့ ကျန့်ယောင် မကြည့်ရက်ပေ။ ရင်ထဲအနည်းငယ်လှုပ်ရှား(သနား)သွားရင်း သူမေးလိုက်တယ်။
‘‘ဘာဖြစ်ကြတာလဲ? ဘာဖြစ်လို့ သူ့ကိုထိုးတာလဲ?”

အဖြောင့်ကောင်ကြီး ကျန့်ကတော့ အဖြောင့်ကောင်ကြီးကျန့်လို့ ခေါ်ထိုက်ပါပေတယ်

ရင်းချဲယ်လည်း မြှောက်ထားတဲ့လက်ကို ပြန်ချလိုက်ပြီး
‘‘ငါမထိုးပါဘူး၊ သူက ငါ့ကို စာခိုးချတယ်ဆိုပြီး တိုင်တဲ့လူထင်လို့ လာပြောတာ”

ဆုချီက ပိုပြီးတောင် ရှိုက်ရှိုက်ငိုလာသေးတယ်။
‘‘ငါမတိုင်ပါဘူး၊ လုပ်တယ်‌ထင်တယ်ဆိုလည်း သက်သေပြလေ....”

Pay Attention To Me [Myanmar Translation]Where stories live. Discover now