Ep-42(Uni/Zg)

57.7K 4.4K 201
                                    

" ကျတော်တို့ ဒီအိမ်ကြီးကနေ ထွက်သွားကြရအောင် "

" သား ဘာတွေပြောနေတာလဲ ကြီးကြီးဒီအိမ်ကနေ ဘယ်မှမသွားနိုင်ဘူး "

" ကြီးကြီးဒီမှာအချိန်အကြာကြီးပေးဆပ်ခဲ့ပီးပီ ဘယ်အချိန်ထိဒီမှာ ကပ်တွယ်နေအုံးမှာလဲ "

" ကြီးကြီး ဒီအိမ်ကြီးမှာ သခင်လေးမမွေးခင်ထဲက အလုပ်လုပ်ခဲ့တာ...ကြီးကြီးရဲ့ ဘ၀ကိုဒီမှာပဲမြုပ်နှံထားတာမို့လို့ ကြီးကြီးဒီကနေ ထွက်သွားမှာမဟုတ်ဘူး သားငယ်...ပြီးတော့ ကြီးကြီးပေါ်မှာ သခင်ကြီးတို့ကျေးဇူးတွေအများကြီးရှိတယ် "

" အဲ့တာဆို ကျတော်ထွက်သွားမယ် ကြီးကြီး "

" သားရယ် မဟုတ်တဲ့အတွေးတွေမတွေးပါနဲ့နော် "

" မဟုတ်ဘူးကြီးကြီး ကျတော်အခုချိန်ကစပီး ကိုယ့်ဘ၀ကိုယ်လျှောက်လှမ်းတော့မယ် ... ကျတော်ပျော့ညံ့တဲ့လူတယောက်အဖြစ်မရှင်သန်ချင်တော့ဘူး ကျတော့်ကိုလွတ်လပ်ခွင့်ပေးပါ "

" သား ဒီမှာနေရတာ အရမ်းပင်ပန်းနေပီလားဟင် "

" ကျတော်အရမ်းပင်ပန်းနေပီ....ကျတော်အရူးတယောက်လိုလဲ ခံစားခဲ့ရပီးပီ ကျတော့်ကိုသနားရင် သွားခွင့်ပြုပေးပါ ကြီးကြီး "

ခံစားချက်ခိုင်မာနေတဲ့ လွန်းကို ဘယ်လိုမှဖြောင်းဖြလို့မရတာကြောင့် ဒေါ်ထားပဲအလျှော့ပေးလိုက်ရသည်...ဒီကလေး ဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာ ဒီအိမ်ကလူတွေအကုန်လုံးသိပီးသားပဲလေ....
***

၀မ်းနည်းလွယ်တတ်တဲ့ ကျတော်က ဒီတခါတော့ စိတ်ဓာတ်တွေခိုင်မာနေတယ် ထင်ပါတယ်...တဦးတည်းသောရှိတဲ့ ကြီးကြီးကိုတောင် ထားပီး သူတို့နဲ့၀ေးရာကိုထွက်လာနိုင်ခဲ့ပီ....အင်း ကျတော်လွတ်လပ်သွားပီမှတ်လား ကျတော်အများကြီးခံစားခဲ့ရပြီးပြီပဲလေ
ညတိုင်းအရူးတယောက်လို ငိုခဲ့ရတဲ့နေ့တွေကိုလဲ ပြန်မတမ်းတချင်တော့ဘူး ပူလောင်လွန်းတယ်မှတ်လား.... တစုံတယောက်က ကျတော့်ကို သူ့အနားကထွက်မသွားဖို့ အမြဲတောင်းဆိုခဲ့ပေမဲ့ တကယ်တမ်းထွက်သွားတာက သူဖြစ်နေခဲ့တာပါပဲ ...ကြည့်ပါအုံး အားတင်းထားကာမှ သူ့အကြောင်းခဏလေးတွေးမိတာနဲ့ မျက်ရည်တွေကျလာပြန်ပီ...ကျတော်ကလဲ တုံးအလိုက်တာ ဘာလို့များ ဒီလောက်ထိ ခံစားလွယ်နေရတာလဲ...

HANARY(S1+S2) Where stories live. Discover now