Part(23)

6.6K 591 46
                                    

Unicode

     အရှိန်အဟုန် ပြင်းပြင်းဖြင့် မောင်းနင်လာသည့် ဆိုင်ကယ်တစ်စီးဟာ စပျစ်ခြံအတွင်းမှ လမ်းမဘက်သို့​ ပြန်ထွက်လာ၏။ ထိုအချိန်တွင် နောက်မှလိုက်လာသည့် ကိုကြီး၏ကားနဲ့ ခေါင်းချင်းဆိုင်မိသည်။

      "ခြံထဲမှာ မရှိဘူးလား။ဟင်...မခ,ကို မတွေ့ခဲ့ဘူးလား"

      ဆံပင်စတွေကို လက်နှစ်ဖက်ဖြင့် ထိုးဖွလိုက်ရင်း ကိုကြီးအား သူခေါင်းညိတ်ပြမိသည်။နှုတ်ဖျားမှ ဘယ်စကားမှ ထပ်ဆိုဖို့အား မရှိတော့...။ ဘယ်နေရာကို ထပ်လိုက်ရှာရမလဲလို့ ဦးနှောက်တွေကို အလုပ်ပေးမိသည်။

    လူကငြိမ်သက်နေပေမယ့် အတွင်းစိတ်မှာတော့ ပင်လယ်ရေလှိုင်းတွေလို လှုပ်ရှားနေမိသည်။ ပထမဆုံး စဥ်းစားမိသူဟာ 'သက်ထင်'ဆိုတဲ့လူပဲ ဖြစ်၏။ ဖုန်းအားဆွဲထုတ်ရန် ပြင်လိုက်ပြီးမှ ထုခွဲခဲ့ပြီးကြောင်း သူအမှတ်ရမိသည်။

      "ဖုန်းခဏလောက်"

    နံပါတ်တစ်ခုအား မြန်ဆန်စွာ ရိုက်ထည့်ပြီး ခေါ်ဆိုမှုကို စတင်သည်။ ကံကောင်းထောက်မစွာ တစ်ဖက်လူက တန်းကိုင်ခဲ့ပါသည်။

     "ဟယ်လို...နက်..."

     "သက်...သက်ထင်ဆိုတဲ့လူ...အခုဘယ်မှာလဲ"

     "သူ့မာတာမိခင်နှင့် ဂျပန်သွားတယ်လေ။ဘာလို့လဲ ဘာလို့ သက်ပြင်းတွေချနေရတာလဲ။ဟမ်..
.တစ်ခုခုဖြစ်လို့လား"

   ဟိဏ်းမေးသမျှ ချေပမနေဘဲ သူ့ဘက်မှ ဖုန်းချလိုက်မိသည်။ စာတချို့ရိုက်ရင်း သူစဥ်းစားနေမိတာဟာ ဒီလူအပြင် သူ့ကို မုန်းတီးနေသူ ဘယ်နှစ်ဦးမျှ ရှိနေပါသလဲ။ တကယ်ကို အဖြေရှာမရ​ပေ။ဦးခေါင်းတစ်ခုလုံး ပြာဝေသွားသလိုမျိုး အရာရာဟာ ရှုပ်ထွေးနေပြီ။

      "ဟာကွာ...တောက်!"
  
      "ဒီနားတစ်ဝှိုက်မှာပဲ ရှိလိမ့်မယ် ညီညီ...မခ,ကို အမြန်ရှာတွေ့မှ ဖြစ်မယ်ကွာ။ကြာရင် ငါရူးတော့မယ်"

    ကိုကြီးစကားကြောင့် ပတ်ဝန်းကျင်ကို မျက်စိစုန်ဆန်လုပ်ကာ အကဲခတ်လိုက်သည်။ ထင်းထင်းကြီး မြင်နေရသည်ဆိုလို့ မနီးမဝေးရှိ ဆောက်လက်စ အဆောက်ဦးတစ်ခုတော့ ရှိ၏။ခြံတံခါးတွင် ရေးထိုးပုံဖော်ထားသည့် နာမည်တစ်ခုကို မြင်လိုက်ရတဲ့အခါ ဦးနှောက်မှာ ဒိုင်းခနဲ အချက်ပြသည်။ဒေါသတို့က ဟုန်းခနဲထ၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now