Chapter 62

26.4K 3.8K 234
                                    

Unicode

ယန်းချင်းချီကနေ ချင်းချီဖြစ်သွားပြီ
__________________________________

ယန်းချင်းချီ ဟိုတယ်စားသောက်ဆိုင်ရှေ့ Lobbyမှာ စွင်းရွှင်နှင့် ထပ်တွေ့သည်။ စွင်းရွှင်က သူ့အနားကိုလျှောက်လာရင်း မွှန်ထွန်နေသည့်အရက်နံ့ကိုရတော့

''မင်းသောက်လာတာလား အရက်နံ့တွေမွှန်နေတာပဲ ''

''နည်းနည်းလေးပါ အများကြီးမသောက်ခဲ့ပါဘူး ''

စွင်းရွှင် သူ့အနားလာရပ်ကာ

''ရွမ်ဝမ်ရွှမ်း မင်းကို အရက်မူးအောင်တိုက်ချင်နေတယ်လို့ တိုက်ဟုန်းကျိုကပြောတယ် ဒါပေမဲ့ မင်းကသူ့ကို မူးအောင်ပြန်တိုက်လိုက်တယ်ဆို ဟုတ်လား ''

သူမေးနေတုန်းရှိသေး ကျူးလီက ရွမ်ဝမ်ရွှမ်းကိုတွဲရင်း ထွက်လာသည်။ သူခဏလောက်ပြောစရာစကားမဲ့သွားကာ ပြီးမှအသံတိုးဖြင့်ဆူလိုက်သည်။

''ကျူးလီဆိုတဲ့ကောင်ကလည်း အရင်က မင်းကိုချောက်ချဖူးတယ်လို့ တိုက်ဟုန်းကျိုကပြောတယ် ''

တဖက်လူစိတ်ဆိုးဒေါသထွက်နေတာကို တွေ့တော့ ယန်းချင်းချီ ဖျောင်းဖျလိုက်သည်။

''အဲ့ဒါတွေကပြီးသွားပါပြီ သူတို့ကျွန်တော့်ကို ဘာမှလုပ်လို့မရပါဘူး ဒေါသထွက်မနေနဲ့တော့ ''

''ဘာလို့ငါ့ကို ဘာမှမပြောတာလဲ '' စွင်းရွှင် သူ့ကို နားမလည်သလိုလေး ပြန်မေးလိုက်သည်။ ''ဒီ Showရိုက်နေတုန်း ငါ့လက်ထဲ မင်းကို ကျန်းမော့ချန်အပ်ထားတယ်ဆိုတာ ကူညီစောင့်ရှောက်ပေးစေချင်လို့၊ သူများအနိုင်ကျင့်တာခံနေရတာကို ရပ်ကြည့်နေဖို့မဟုတ်ဘူး အခု ကျူးလီနဲ့ရွမ်ဝမ်ရွှမ်းက မင်းကိုနှစ်ခါအနိုင်ကျင့်တယ် ငါ့ကိုမပြောပြရင် ငါဘယ်လိုကူညီပေးရမလဲ တော်သေးတာပေါ့ တိုက်ဟုန်းကျိုကလာပြောလို့ သူသာလာမပြောရင် ငါ့ကိုတစ်သက်လုံးမပြောပြပဲနေတော့မှာလား ''

ယန်းချင်းချီ ပြုံးလိုက်ကာ

''ကိစ္စတွေက အစ်ကို့ဆီကနေ အကူအညီယူရလောက်တဲ့အထိ အရမ်းမကြီးလို့ပါ ဒါကြောင့်အစ်ကို့ကို ဘာမှမပြောခဲ့တာ ကျွန်တော်တစ်ယောက်ထဲ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် တကယ်လို့ ပြောပြလိုက်ရင် အစ်ကို့ကိုပါ ဒီရေနောက်ကြီးထဲ ဆွဲချသလိုဖြစ်သွားလိမ့်မယ် ရွှင်ကော အစ်ကို့ရဲ့အခုအခြေအနေက ကျွန်တော့်လောက် လှုပ်ရှားရသိပ်မလွယ်ဘူး ပြီးတော့ ကျွန်တော့်ဘာသာဖြေရှင်းလိုက်တာက ပိုမြန်တယ် အစ်ကို့ကို အရာရာတိုင်း အနှောက်အယှက်မပေးချင်ဘူး ကျွန်တော့်ကိုကျွန်တော် ဂရုစိုက်နိုင်ပါတယ် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now