Chapter - 92

11K 1.5K 124
                                    

၀မ်ရှောင်ရို့က နားလည်သလို ခေါင်းညိမ့်ပြတယ်။

ရင်းချဲယ်ကတော့ သူမ,နားလည်ဖို့လည်း သိပ်မမျှော်လင့်တာမို့ မေးတစ်ချက်ဆတ်ပြကာ မေးလိုက်တယ်။
''မင်းရဲ့ကော‌ကောဆီ လိုက်ပို့ပေးဦးနော်" 

သူမ ထွက်မလာခင်က ဘတ်စကတ်ဘော သွားကစားမယ် ပြောထားတာ အမှတ်ရတာမို့ ရင်းချဲယ်ကို ဘတ်စကတ်ဘောကွင်းဆီပဲ ခေါ်လာခဲ့လိုက်တယ်။

သူတို့ရောက်တော့ ကျန့်‌ယောင်ကလည်း အဲ့မှာရောက်နှင့်နေပြီ။ သူ့ပုံစံက တစ်ပွဲလောက်ဆော့ပြီးပုံရပြီး မျက်နှာက ခပ်ရဲရဲနဲ့။

''ကောကော သမီး ဒီမှာတင် ကြည့်နေလို့ရမလားဟင်?"

ကျန့်ယောင်က သူမခေါင်းလေးကို ပုတ်ပေးကာ
''အိမ်ပြန်ပြီး အိမ်စာလုပ်ချည်၊ မဟုတ်လို့ ဒယ်ဒီသိရင် အဆူခံရလိမ့်မယ်"

၀မ်ရှောင်ရို့က ဆူပုတ်ပုတ်လေးဖြစ်သွားတယ်။
''အင်းပါ....."

ရင်းချဲယ်ကတော့ ဘာမှ၀င်မပြော။ မောင်နှမနှစ်ယောက်ကို သီးသန့်စကားပြောစေပြီး ကျောပိုးအိတ်အိတ်ကို ကွင်းဘေး သွားချထားလိုက်တယ်၊ အဲ့နောက် အပေါ်ကဂျက်ကပ်ကိုချွတ်မယ် ရွယ်ချိန် ရုတ်တရက် ပခုံးပေါ်ကျလာတဲ့ အလေးချိန်တစ်ခု။

''ချဲယ်ချဲယ်..."

''ဘာလဲ?"

''ဟင့်အင်း ဒီတိုင်း ခေါ်ကြည့်တာ"
ကျန့်ယောင်က သူ့ပခုံးထက်မေးတင်ထားရင်း ပြုံးတယ်။

''ဘာလို့ တအားချစ်ဖို့ကောင်းနေတာလဲ?"

''ဒါနဲ့ ဒီနေ့ ဒယ်ဒီနဲ့ပါပါးအိမ်မှာမရှိဘူး"

''အဲ့တော့?"

''အိမ်လိုက်ခဲ့မလား?"

ရင်းချဲယ်က သူ့ဘက် လှည့်ကြည့်လာတယ်။
''အိမ်မှာမင်း meimeiရှိသေးတယ်လေ၊ ဘာတွေကြံနေတာလဲ?"

ကျန့်ယောင်က အသံကိုလျော့ချပြီး သူ့နားထဲ တိုးတိုးလေးပြောလာသည်က :
''တံခါးကိုလော့ချထားမယ်လေ, မင်းကတော့ အသံတိုးမှဖြစ်မယ်"

ရင်းချဲယ်က ခနတော့ ကြောင်သွားပြီးမှ တဖြည်းဖြည်းမျက်၀န်းတွေ မှေးကြည့်လာတယ်။
''ဘယ်တုန်းက လိုက်မယ်ပြောမိလို့လဲ?"

Pay Attention To Me [Myanmar Translation]Where stories live. Discover now