Chapter - 11 (Part 2)

663 131 5
                                    

Unicode

ကျောင်းကုန်းဇီနဲ့ ငါ အခန်းတွင်းမှ ထွက်ခွာလာပြီး ဈေးသို့သွား၍ ပစ္စည်းတချို့ဝယ်ကာ တိုက်ခန်းဆီကို လမ်းလျှောက်သွားလိုက်တယ်။ ငါတို့ လမ်းလျှောက်နေတုန်းမှာပဲ ရုတ်တရက် တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်တယ်, "ဟေး, ရိရှင်! ငါ မင်းကို လိုက်ရှာ​နေတာ!"

ငါ အဲ့ဒီလူကို ကြည့်လိုက်တယ်, "ကျောင်းအုပ်ကြီးစန်း..."

ငါ ကျောင်းအုပ်ကြီးစန်းအပေါ်မှာ အပြစ်ရှိသလို ခံစားမိတယ်။ သူက ငါ နိုင်ငံခြားမှာ ပညာသင်ဖို့ကို ကူညီပေးဖို့အတွက် အရမ်းစိတ်အားထက်သန်နေပေမယ့် ငါက အချိန်မမီခဲ့ဘူးလေ။ ဒါက ကောင်းကင်ဘုံရဲ့အလို​တော်ပါပဲ။

ကျောင်းအုပ်ကြီးစန်းက အသက်ရှူသွင်း, ရှူထုတ်လုပ်ပြီးတဲ့​နောက် ပြောလာခဲ့တယ်, "အစကတော့ ငါ အချိန်မီမလာနိုင်​လောက်ဘူးလို့ထင်ပြီး ကိစ္စမရှိ​ဘူးလို့ ထင်ခဲ့ပေမယ့် သင်္ဘောထွက်ခွာဖို့က နှောင့်နှေးသွားတယ်လို့ ကြားလိုက်ရတယ်, နည်းပညာအခက်အခဲ​တွေကြောင့် မနက်ဖြန်မနက်မှ ထွက်ခွာ​တော့မယ်ဆိုလို့ ငါ မင်းကို အ​ပြေးအလွှားလာရှာလိုက်တာ, ငါ့ကို တစ်ခု​လောက် ကူညီ​ပေးပါဦး, ငါ့သူငယ်ချင်း ပ​ရော်ဖက်ဆာစမစ်ဆီကို စာအုပ်တစ်အုပ် ယူသွားပေးပါ, ဒီစာအုပ်က ရှာဖို့အရမ်းခက်တယ်, စာတိုက်က​နေ ပို့ခိုင်းရင် ပျောက်သွားမှာစိုးလို့"

​ကျောင်းကုန်းဇီက သူ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့, ခင်ဗျား အဲ့တာ​ပျောက်သွားလို့ ​နောက်တစ်အုပ်ထပ်ဝယ်ရင် ​သေမှာမို့လို့လား?"

ကျောင်းအုပ်ကြီးစန်းက ​ကျောင်းကုန်းဇီကို အံ့အားသင့်စွာ ကြည့်လိုက်တယ်, "မင်း ဘယ်လိုပုံစံနဲ့ ပြောလိုက်တာလဲ? မင်းက... မင်းက.. မင်းက ကျောင်းသားတစ်ယောက်လိုပဲ"

​ကျောင်းကုန်းဇီက သူ့ကို ကျိန်ဆဲလိုက်တယ်, "ဘုရားက ဘယ်နှနှစ်လဲဆိုတာကို သိကတည်းက ​လောင်ဇီက ခင်ဗျားရဲ့တပည့်မဟုတ်ဘူး​​, ခင်ဗျားနဲ့ဆိုင်လို့လား?"

"တိတ်လိုက်​တော့, ကျွန်​တော် ​တောင်းပန်ပါတယ်, ​ကျောင်းအုပ်ကြီး, သူ့ကို စိတ်ထဲမထားပါနဲ့, ဆရာ ကျွန်​တော့်ကို စာအုပ်​ပေးလိုက်လို့ ရပါတယ်"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now