Part (18)Zawgyi

52 3 2
                                    

   ခြံထဲကိုခြေချလိုက်ပြီးနောက်တွင်တော့ သန့်ရှင်းရေးလုပ်နေ
သည့်အလုပ်သမား အချို့ကိုမြင်လိုက်ရလေသည်။ထိုအလုပ် သမားများက သူ့ကို မမြင်ဖူးသည့်လူတစ်ယောက်ကဲ့သို့ ထူးထူးဆန်းဆန်းစိုက်ကြည့်ကြပြီးနောက် ပြန်လှည့်သွားကာ
ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြပြန်သည်။
ထိုစဉ် သူ့အနားသို့ အရပ်ရှည်ရှည်နှင့်လူတစ်ယောက်
ရောက်လာ၏။

"ဘာကိစ္စရှိလို့လဲ!"

ထိုလူမေးသည့်ပုံစံက မာမာဆတ်ဆတ်နှင့် ယဉ်ကျေးသည့် အမေးမဟုတ်ပေ။သူပြန်မဖြေခင်မှာပဲ ထိုသူ အနောက်မှ ခပ်ဩဩအသံက သူ့အစားအဖြေပေးလာပါ၏။

"ငါ့အသိ!"

စောစေးရတုတစ်ယောက် သူ့အရှေ့မှ ပိတ်ရပ်ထားသည့် သူကိုကျော်ပြီး အနောက်သို့ကြည့်လိုက်တော့ အသံပိုင်ရှင်က
စိုင်းမာန်ခဖြစ်နေကာ ထိုအရပ်ရှည်ရှည်နှင့်သူကလည်း
ချက်ချင်း အနောက်ပြန်လှည့်ကာ ဦးညွှတ်လိုက်ပြီး တောင်းပန် စကားဆိုလေသည်။

ထူးဆန်းသည်က သူ့ကို တောင်းပန်တာမဟုတ်ဘဲ
စိုင်းမာန်ခကို တောင်းပန်နေခြင်းသာဖြစ်၏။

"တောင်းပန်ပါတယ် အိမ်ထဲကို လူစိမ်းမဝင်ဖူးလို့ မေးလိုက်မိတာပါ"

ဟောဗျာ ဒီအိမ်ကလူတွေရော အိမ်ပိုင်ရှင်ရောက တစ်ခုခုတော့ တစ်ခုခုပဲရယ်။လေသံမာမာနဲ့ ပြောလို့ သူ့ကို
တောင်းပန်ရမည့် ကိစ္စကို ဘာမှလည်း မဆိုင်သည့် စိုင်းမာန်ခအား လှည့်ကြည့်ပြီး တောင်းပန်နေသည်တဲ့လေ။

"လုပ်စရာရှိတာ လုပ်ပြီးရင်ပြန်တော့!ငါခေါ်မှပဲ လာခဲ့
အခုရက်ပိုင်း တစ်ယောက်တည်းနေချင်တယ်!"

စိုင်းမာန်ခက ထိုအရပ်ရှည်ရှည်နှင့်လူကို အာဏာသံအပြည့် နှင့် အမိန့်ပေးသလိုပြောလာတော့ ထိုလူကလည်း
ကြည်ကြည်ဖြူဖြူ နာခံကာ နေရာမှ ထွက်သွားလေသည်။

If we meet again (ထပ်ဆုံဖြစ်ခဲ့ရင်)Where stories live. Discover now