Unicode
ကိုယ် မင်းနဲ့ မကွာရှင်းချင်ဘူး
အခန်းကတ်ဖြင့် တံခါးဖွင့်လိုက်ချိန် တီ ဟူသော အသံတစ်ခုထွက်ပေါ်လာသောအခါမှသာ ချန်းကျင်း၏အတွေးစတို့သည်လည်း လက်ရှိအချိန်သို့ ပြန်ရောက်လာခဲ့ရသည်ပင်။ လုထောင်က အခန်းအတွင်းသို့ ဦးစွာဝင်သွားကာ တံခါးဝ၌ရပ်နေသော သူ့အား စကားဆိုလာခဲ့ပါ၏။
"ဝင်လာခဲ့"
ချန်းကျင်းသည်ကား လုထောင်၏စကားလုံးများကို နားထောင်လေ့ရှိခဲ့သောသူ ဖြစ်သောကြောင့် ယခု သူ၏စိတ်ထဲ၌ အနည်းငယ် တွန့်ဆုတ်နေမိသည့်တိုင် တစ်ဖက်လူ၏စကားကို ငြင်းဆန်သည်မျိုးကိုတော့ မလုပ်နိုင်ခဲ့။ သို့နှင့် အဆုံး၌ သူသည် စိတ်မပါလက်မပါနှင့်သာ အခန်းအတွင်းသို့ ဝင်လာခဲ့ရပေတော့၏။ "တခြားအခန်း ထပ်ယူလိုက်မယ်" ဟူသော စကားတစ်ခွန်းအား အကြိမ်ပေါင်းများစွာ ပြောချင်ခဲ့မိသည့်တိုင် လက်တွေ့တွင်မူ သူသည် ဘာမျှဆိုမလာနိုင်ခဲ့ပါချေ။
အခန်းနေရာက အတန်အသင့်မျှ ကျယ်ဝန်းပါ၏။ မှန်ပြတင်းထက်ရှိ ဖွင့်ဟထားသော လိုက်ကာချပ်များ၏နောက်ကို ကြည့်လိုက်လျှင် အပြင်ဘက်၌ နှင်းကျနေသည်ကို မြင်တွေ့ရမည်ပင်။ အဆုံးတွင် ချန်းကျင်းသည်လည်း ဤနေရာမှ ရာသီဥတုနှင့် ကျင့်သားရလာပေပြီ။ ဤဒေသရှိ နှင်းပွင့်ချပ်များက နံပါတ် ၂၉ ကမ္ဘာထက်ရှိ နှင်းပွင့်ချပ်များထက် ပိုသေးသောကြောင့် နှင်းကျသည့်အခါမျိုးဆိုလျှင် ကောင်းကင်ဘုံနှင့်မြေပြင်တို့ အတူတကွ ရေအောက်မြုပ်နေသည့်နှယ် ဖြစ်သွားရပေတော့၏။
အခန်းအတွင်း၌ ကြီးမားသော အိပ်ရာကုတင်တစ်လုံးနှင့် အခြားသော ပရိဘောဂအပြင်အဆင်များ အသီးသီးရှိလေသည်။ ၎င်းအပြင်အဆင်များက ရေခဲကျောက်ကမ္ဘာ၏ ဒီဇိုင်းပုံစံများနှင့် ပုံဖော်ထားခြင်းဖြစ်ကာ လွန်စွာမှလည်း လှပပါ၏။ သို့သော် ချန်းကျင်းကမူ ၎င်းအရာများကို ဂရုမစိုက်အားခဲ့ပါချေ။ ယခု သူ၏စိတ်ထဲ၌ အောက်ပါသော အတွေးများနှင့်သာ ပြည့်နှက်နေခဲ့ရသည်ပင်။
လုထောင်က စိတ်ကြည်နေမှန်း သိသည့်တိုင် သူသည် အနားမှ အိပ်ရာပေါ်တွင် တက်မထိုင်ရဲခဲ့။ မည်သို့ပင်ဆိုစေကာမူ အကြင်သူသည်ကား ဘယ်တုန်းကမျှ သူ့ရှေ့တွင် စိတ်ကြွသည့်အခြင်းအရာမျိုး မပြခဲ့ဖူးသည် မဟုတ်ရပါလား။ မူလလူ၏လိုအင်ဆန္ဒများက စရိုက်ကွဲခင်ပွန်းသည်နှင့် လွန်စွာမှ ခြားနားနေခဲ့ရလေသည်။
YOU ARE READING
Application For Divorce [ 离婚申请 ]
FantasyMyanmar translation of light novel "Application for Divorce" Original Author - 云间 [Yun Jian] Novel status - completed(104 chapters + 17 extras) Genre - romance, fantasy, smut This is just a fan translation!! I don't own this novel. I read this novel...