ချိန်းဆိုထားသည့်နေရာသို့ကားရပ်သည်နှင့်တစ်ပြိုင်နက်ကားပေါ်မှအမြန်ဆင်းကာ အဆောက်အဦအတွင်းသို့ စိုးရိမ်စိတ်များဖြင့်ဝင်ပြီးလှေကားထစ်များကိုမမောနိုင်မပန်းနိုင်ကျော်လွှားကာပြေးတက်နေသောChae....
အဆောက်အဦး၏အပေါ်ဆုံးအမိုးမရှိသော လေဟာပြင်အထပ်သို့ရောက်သွားသည်။
“Soo ဘယ်မှာလဲ Chaeလာပြီနော် အားမငယ်နဲ့သိလား ဒီမကောင်းတဲ့နေရာကနေSooကိုအမြန်ဆုံးခေါ်ထုတ်သွားဖို့ ရောက်လာပြီလေ ဘယ်မှာလဲ Soo..."
မည်သူမျှမတွေ့ရသော်လည်းChae အသားကုန်ဟစ်ကာအော်ပစ်လိုက်သည်။ထိုနေရာကလူပြတ်ပြီးမြို့နှင့်အတန်ငယ် ဝေးသဖြင့်Chaeအော်သံကိုမည်သူမှမကြားရပါ...
“Soo!!!!"
““ရောက်လာပြီလား ဘယ်သူတွေပါသေးလဲ ဒီလို မတုန့်မဆိုင်းနဲ့လာရဲတာတစ်ယောက်တည်းတော့မဟုတ်နိုင်ဘူး"
နောက်မှLeo၏အသံထွက်ပေါ်လာသည်။မျက်နှာကလည်း Chaeအားလှောင်ရယ်ပြီးသနားစရာသတ္တဝါတစ်ကောင်လိုကြည့်နေလေရဲ့...
“ကျမ....တစ်ယောက်တည်းလာခဲ့တာပါ ဘယ်သူ့ကိုမခေါ်လာပါဘူး ဘာမှလည်းမဆက်သွယ်ခဲ့ပါဘူး တကယ်ပါ Sooရောဟင် သူ..
သူဘယ်မှာလဲ အခုသူ့ကိုတွေ့ချင်တယ်.."
“သေရတော့မှာတောင် မင်းကကိုယ့်အတွက်စိတ်မပူပဲ မင်းရဲ့ကောင်မလေးကိုမေးနေသေးတာပဲ ကောင်းပါတယ် ငါလိုချင်တာလည်းအဲ့လိုပဲ ပိုချစ်ပြလေ ပိုပြီးနာကျင်ရလေပဲဆိုတာ ဟားဟား.."
“လူယုတ်မာ ငါမေးနေတယ်နော် Sooကိုနင်တစ်ခုခုလုပ်ထားလား မဖြစ်သေးဘူး ဟုတ်တယ် ငါကိုယ်တိုင်သွားရှာရမယ် "
အရူးတစ်ယောက်ပမာတစ်ကိုယ်တည်းဖြေဆိုရင်း အဆောက်အဦ၏အထဲသို့ပြေးဝင်ရန်လှည့်လိုက်ချိန်
“ဒုတ်!!"
“အားးး"
Leoရိုက်ချလိုက်သောတုတ်အောက်တွင်Chaeငြိမ်သက်သွားလေသည်။
Leoအခန်းထဲမှထွက်သွားပြီးမကြာမီ ကောင်မလေးတစ်ယောက်ကိုထမ်းလာပြီးထိုင်ခုံပေါ်တွင်ထိုင်စေကာလက်ကိုနိုင်လွန်ကြိုးကြီးများဖြင့်တုတ်ချည်ကာချုပ်ထားသည်ကို Sooအမှောင်ဝိုးတဝါး မပီမပြင်တွေ့လိုက်ရသည်။Leoထွက်သွားတုန်းကသူမကိုထွက်ပြေးမှာစိုးသဖြင့် အခန်းကိုအမှောင်ချကာတံခါးကိုလုံအောင်ပိတ်ခဲ့သည်။
YOU ARE READING
မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]
Romanceတတ်နိုင်သလောက်ကြိုးစားပြီးကောင်းအောင်ရေးထားပေမယ့်အဆင်မပြေရင်သည်းခံပြီးဖတ်ပေးပါ💜💙
![မတော်တဆရွှေဖူးစာလေး(Chaesoo 💙💜)[Only Unicode]](https://img.wattpad.com/cover/295035381-64-k721952.jpg)