88

6.8K 1.4K 55
                                    

Unicode

“အရင်ဆုံး ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ၊ ကျွန်တော်က ရွှယ်ယို့ရှန်းပါ၊ ပြီးတော့ မန္တန်သခင်တစ်ယောက်ပေါ့..”

အမှန်တော့ ရွှယ်ယို့ရှန်းက ‘ရှေးဖြစ်ဟောသူ’လို့ ပြောပစ်လိုက်ချင်တာ။ သူက ‘ရှေးဖြစ်ဟောသူ’ အစစ်အမှန်မဟုတ်မှန်း ရင်းဆုယဲ့ သိသွားပြီဆိုပေမယ့် တခြားလူတွေရှေ့မှာ ‘ရှေးဖြစ်ဟောသူ’ပါဆိုပြီး ထပ်မပြောတော့ဘူးလို့ ကတိပေးပြီးသားဖြစ်နေတော့ တခြားဂုဏ်ပုဒ်တစ်ခုကိုသာ သုံးလိုက်ရတော့မှာပေါ့။

လူတိုင်းက ‘ရှေးဖြစ်ဟောသူ’တွေကို လေးစားတန်ဖိုးထားကြပေမယ့်  တချို့လောဘသားတွေကြောင့် ပေါ်ပေါ်ထင်ထင်နေရန် အန္တရာယ်ကြီးလွန်းလှတယ်။ ထို့ကြောင့် ရွှယ်ယို့ရှန်းက ‘မန္တန်သခင်’ဆိုတဲ့ ဂုဏ်ပုဒ်ကိုသာ အသုံးပြုလိုက်တယ်။

လူတော်တော်များများက ‘မန္တန်သခင်’ဆိုတာကို မသိကြပေမယ့် ရင်းမင်လို မိသားစုကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်။ ပြီးတော့ ရင်းဝူရွှမ်က ဟော်လင်းယွင်ရဲ့ တရားမဝင်သားဖြစ်ကြောင်း သက်သေပြချင်တယ်ဆိုရင် ‘မန္တန်အရှင်သခင်’ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးမှဖြစ်မယ်။

“မင်းက မန္တန်သခင်တစ်ယောက်လား..?!”

ရင်းမင်တစ်ယောက် မယုံကြည်နိုင်အောင် ဖြစ်သွားရတယ်။ သူ့အမြင်မှာ ဘာမှမဟုတ်တဲ့ ဒီကလေးလေးက ဒဏ္ဍာရီလာ မန္တန်သခင်တစ်ယောက်တဲ့လား..? ဒီကိစ္စထက် ပိုပြီးထိတ်လန့်စရာကောင်တဲ့ကိစ္စမျိုး မရှိလောက်တော့ဘူး..! ‘မန္တန်သခင်’ဆိုတဲ့ ဖြစ်တည်မှုက လူပြောများတဲ့ ဒဏ္ဍာရီပုံပြင်တွေထဲမှာမှ လျှို့ဝှက်အဆန်းကျယ်ဆုံး ဖြစ်တည်မှုတစ်ခုပဲ..!

ပုံပြင်တွေအရ ‘မန္တန်သခင်’တွေက အရမ်းသန်မာကြသလို တိုက်ခိုက်တာနဲ့ ခုခံကာကွယ်တာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ကြတယ်တဲ့။

ရှေးခေတ်အခါကတည်းက ‘မန္တန်သခင်’တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးတဲ့လူ အရမ်းရှားပါးခဲ့တယ်။ အဲ့တာကြောင့်လည်း မျိုးရိုးမြင့်အိမ်တော်တချို့ရဲ့  အရေးပါအရာရောက်တဲ့ လူအနည်းငယ်လောက်ကပဲ ရှေးဟောင်းစာအုပ်တွေမှတဆင့် မန္တန်သခင်တွေရဲ့  ကြီးမြတ်မှုနဲ့ ဖြစ်တည်မှုကို သိခဲ့ကြရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now