Part 27

13.5K 988 61
                                    

သူ့မှာ ခြေသည်းခွံ အကြည်ရောင်လေးတွေရှိတယ်... ။ လက်သည်းခွံလေးတွေကလည်း ပန်းရောင်သန်းလို့နေတယ် ။ နုနုရွရွ သူ့ဟန်ပန်က ခြေမျက်စိဖုံး ပုဆိုးလေး ၊ တံတောင်ဆစ်ထိ ခေါက်တင်ထားတတ်တဲ့ အဖြူရှောင် ရှပ်ကလေးနဲ့ဆို အသက် ၃၀ ကျော်ဆိုတာ ဘယ်သူကမှ လွယ်လွယ်လေး ယုံပေးနိုင်မှာမဟုတ်ဘူး ။ သူက သိပ်ကို လှလို့ တချို့ ယောက်ျားတွေရဲ့ တဏှာကြည့်တွေကြားမှာ သူဟာ အမြဲ ယုန်သူငယ်လေးလို ဖြစ်နေတယ်လို့ ထင်ကြေးပေးကြပေမဲ့ သူဟာ မြေခွေးဖြူလေးဆို ပိုမှန်လိမ့်မယ် ။

ဥက္ကဌရဲ့ လက်ထောက်လိုလို ၊ အတွင်းရေးမှူးလိုလို မသေချာ မသဲကွဲ တဲ့ အနေအထား ဖြစ်လာတဲ့အခါ ယခင်ရှိနေပြီးသား အတွင်းရေးမှူးမလေးဟာ ရုံးခန်းအပြင်ကို ရောက်လို့သွားခဲ့သည် ။ ဘယ်သူကများ ကျေနပ်နိုင်ပါ့မလဲ ။

ထည်ဝါလင်းရှိန် ဟာ တည်ငြိမ်နေတဲ့ ဟန်ပန်နဲ့ ပတ်ဝန်းကျင်က လေထုကိုတောင် ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ဟုသာ တချို့သော သူများက ထင်မှတ်ထားကြသည် ။ ထို့်ထက်ပိုစွာ နာမည်ပျက်နဲ့ဘ၀င်လေဟပ်နေတဲ့ ကောင် ဟုသာ ပြစ်တင်ရှုံ့ချလျက်ရှိသည် ။

တနေကုန် ဥက္ကဌ ရုံးခန်းထဲ ငြိမ်ကုပ်နေတဲ့အခါ ပိုလို့ပင် ရွံရှာမုန်းတီးလာကြ၏ ။

ထည်ဝါလင်းရှိန်သည် ဖိုင်အထပ်လိုက်ဖြင့် အပြင်သို့ထွက်လာသည့်အခါ အချိန်ကိုက်ချောင်းနေသော အတွင်းရေးမှူးမလေး၏ ကော်ဖီ ပူ တို့သည် သူ၏ ရင်ဘတ်ပေါ်သို့ ဦးတည်စွာ ကျရောက်လာခဲ့၏ ။ နွေးနေတဲ့ ကော်ဖီ တစ်ခွက်မဟုတ်ခဲ့ဘူး ။ အရမ်းကိုမှ အရမ်းကို ပူလောင်နေတဲ့ ကော်ဖီတစ်ခွက်!

သူ ကြောင်အသွားပြီးခါမှ လက်ထဲမှ ဖိုင်များပါ လွင့်ထွက်ကုန်တော့သည် ။ အင်္ကျီကို ဆွဲခါလျက် ပူလောင်မှုကို သက်သာသွားစေရန် ပြုလုပ်၏ ။ မျက်လုံးပေါင်း များစွာတို့က သူတို့နှစ်ဦးကို ကြည့်နေကြသည် ။

" ဆောရီးပါနော်.... မမြင်လိုက်လို့ပါ "

မိန်းကလေးသည် ဖိုင်တွဲများကို ကောက်ပေးလျက်
ဒေါက်ဖိနပ်ချွန်ချွန်တို့်က ခြေသည်းပေါ်သို့ ဖြတ်တိုက်သွားတဲ့အခါ ရှည်ထွက်ခါမှ ခြေသည်းကြည်လေးမှာ ဒေါက်ဖိနပ်ဒဏ်ကြောင့် ပဲ့ကြွေကာ သွေးစတို့ ဖြစ်ပေါ်လာခဲ့၏ ။

You are my husband (Season 1)Completed  Where stories live. Discover now