Chapter : 101

11.6K 1.3K 198
                                    

Unicode

လျှောက်ရာလမ်းစဉ် ကွဲပြားသွားခြင်း
_______________________

အရုဏသည် ယုဂန်ကို မည်သို့သောအချိန်တွင်မျှ နူးညံ့ကြင်နာခြင်းတို့ မနည်းပါးခဲ့သော်လည်း ယခုလတ်တလောတွင်မူ ယုဂန်ကို ယခင်ကထက်ပို၍ ဂရုစိုက်သည်။ ချစ်ခင်ကြင်နာသည်။

ပန်သျှားမင်းသမီးနှင့် အရုဏတို့​၏ ထိမ်းမြားခြင်းနှင့် ပတ်သက်၍ ယုဂန် အလွန်အမင်းစိတ်ထိခိုက်နေသည်ဖြစ်ရာ အရုဏသည် သူနှင့်အတူရှိနေစဉ်အချိန်အတွင်း ယုဂန်​ ထိုအဖြစ်တို့ကိုမေ့ထားပြီး ပျော်ရွှင်နေရေးကိုသာ ဦးစားပေးဆောင်ရွက်သည်။

သူသည် ယုဂန်​၏စံအိမ်တွင် ညတိုင်းအိပ်စက်ပြီး ယုဂန်အနားတွင်သာ (တာဝန်ချိန်များမှလွဲ၍) အမြဲတမ်းနေသည်။

ယခုလည်း သူသည် ယုဂန်နှင့် ညနေစာအတူတူတည်ခင်းပြီး၍ သဇင်မြိုင်နန်း​၏ဥယျာဉ်၌ အတူတကွ ယှဉ်တွဲလမ်းလျှောက်နေသည်။

သူ ယုဂန်​၏ ဖျော့တော့အေးစက်သော လက်ကလေးကို အသာအယာဆွဲကိုင်ထားသည်။ လေညှင်းကြောင့် ယိမ်းနွဲ့လှုပ်ခတ်နေသော ယုဂန်​၏ဆံချည်မျှင်များကို ငေးမောကြည့်ရင်း သူ​၏ရင်ခုန်သံတို့ ညင်သာလွန်းစွာ လှုပ်ရှားခုန်ပေါက်နေခဲ့သည်။

ယုဂန်က ပါးနှစ်ဖက်မို့တတ်သည်အထိ၊ သူ​၏ ယုန်သွားနှစ်ချောင်းပေါ်သည်အထိ ပြုံးရွှင်ကာ တက်တက်ကြွကြွစကားပြောဆိုနေသည်။

အမှန်တိုင်းပြောရပါက လက်ထပ်ထိမ်းမြားပွဲကိစ္စ ကြေညာပြီးသည့်အချိန်မှစ၍ ယုဂန် ထိုသို့ပြုံးရယ်နေသည်ကို အရုဏ မတွေ့ရသည်မှာကြာပြီ။ ယခုလို ယုဂန်​၏နှစ်သက်စဖွယ်ကောင်းသော အပြုံးကိုပြန်လည်မြင်တွေ့ရသည်က အရုဏကို ရင်ထဲငြိမ်းချမ်း၍ ကြည်နူးစေသည်။

ယု​ဂန်က သူ​၏ဥယျာဉ်အတွင်းရှိ အပင်များအကြောင်းကို စိတ်လိုလက်ရပြောပြနေခြင်းဖြစ်သည်။ ထိုအပင်များတွင် အလှစိုက်အပင်များပါဝင်သကဲ့သို့၊ ဆေးဖက်ဝင်အပင်များလည်း ပါဝင်သည်။ အမတ်ကြီးအနိဒိစ္စရှိစဉ်က သဇင်ပန်းများသာရှိသော ဤခြံကြီးသည် ယုဂန်​၏လက်ထက်တွင်မူ အပင်များစွာ၊ ပန်းပေါင်းများစွာစုံလင်သော ဥယျာဉ်ကြီးဖြစ်လာသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now