My Master-15 (Z+U)

719 58 0
                                    

(Unicode)

"သားတို့ဘာမေဂျာယူမယ်စဉ်းစားထားလဲ"

အထက်တန်းပြီးလို့ အမှတ်စာရင်းများထွက်လာတော့ Appaကကျနော်တို့ဘာမေဂျာတက်ကြမလဲဆိုတာကို မေးနေကြခြင်းဖြစ်သည်။

"ကျနော်ကတော့ Appaခြေရာဆက်ခံမယ့်သူမလို့ စီးပွားရေးမေဂျာပဲယူမယ်စဉ်းစားထားတယ်"

Appaကသဘောတကျဖြင့်ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း
"Luhanကရော ဘာရွေးမှာလဲ"

"ကျနော်က Music Performance Majorကိုမှ Pianoအထူးပြုမယ်စဉ်းစားထားပါတယ် သခင်ကြီး"

"Baekhyunကရော"
Appaက Baekhyunကိုမေးလိုက်သော်လည်း အဖြေပြန်မလာတာကြောင့် နောက်ထပ်တခါBaekhyunကိုထပ်ခေါ်လိုက်သည်။

"Baekhyun ?"

"တကယ်တော့ ကျနော်ဘာမေဂျာတက်ရမလဲမသိသေးလို့ပါ သခင်ကြီး"
Baekhyunကမဝံ့မရဲဖြင့် Appaကိုဖြေလာသည်။

"မင်းပဲငယ်ငယ်ကပြောတာတော့ ပန်းချီဆရာဖြစ်ချင်တာဆို ပန်းချီမေဂျာယူပေါ့"

"ကျနော်ငယ်ငယ်ကပြောခဲ့တာကို သခင်လေးမှတ်မိတယ်ပေါ့"
Baekhyunကမျက်လုံး‌‌ေလး‌ေတွဝိုင်းစက်ကာ အံ့ဩတကြီးဖြင့်မေးလာတော့ ကျနော်မျက်မှောင်ကျုံ့မိသွားသည်။

"အေးလေ မှတ်မိတယ်လေ ဘာထူးဆန်းတာမှတ်လို့"
ဟုတ်တယ်မလား။သူပန်းချီဆရာဖြစ်ချင်တယ်လို့ပြောခဲ့တာကို မှတ်မိနေတာဘာထူးဆန်းနေလို့လဲ။

"ကျနော် ပန်းချီမေဂျာယူပါမယ် သခင်ကြီး"

"ဟင်!!! မင်းဆုံးဖြတ်ချက်ကမြန်လှချည်လား သေချာလား Baekhyun"

"သေချာပါတယ် ကျနော်ပန်းချီမေဂျာယူပါမယ်"
ခဏကနဲ့မတူစွာ တက်တက်ကြွကြွဖြင့် Baekhyunကကျနော့်ကိုပြုံးကြည့်လျက် Appaကိုပြန်ဖြေလာခဲ့ပါသည်။

ဒီလိုနဲ့ တက္ကသိုလ်တက်ကြပြီး တက္ကသိုလ်တက်တဲ့ပထမနှစ်မှာပဲ Baekhyunကျနော့်ကိုချစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါသည်။

"ကျနော် သခင်လေးကိုချစ်မိနေပါတယ်"

"ဘာပြောလိုက်တာ Baekhyun ငါပဲနားကြားမှားတာလား"
ကျနော်နားကြားမှားတယ်ထင်ပြီး ပြန်မေးလိုက်ပေမယ့်

My Master (Completed) (Z+U)Where stories live. Discover now