Epi(23) Unicode

8.6K 737 29
                                    

အပိုင်း(၂၃)

မြို့တော် ဟိုနိုလူလူလေဆိပ်ကိုရောက်တာနှင့် လူကပန်း‌ချင်နေပြီဖြစ်သည်။ flightက နာရီ၂၀လောက် စီးခဲ့ရတာဖြစ်လို့ လူကနုန်းချိနေ၏။

Luggage တွေထုတ်ပြီး လုပ်ရိုးလုပ်စဉ်တွေလုပ်ပြီးတော့ နေ့ခင်း‌ပင်ရောက်နေပြီဖြစ်သည်။ ဟာဝိုင်အီကအပူပိုင်းဖြစ်သည့်တိုင် အရမ်းကြီးသိသိသာသာတော့ မပူပါ။

"အံမလေး လူတွေများနော်…လူမှုဆက်ဆံရေးက ကွက်ကျားမိုးရွာနေသလိုပဲ ။ လေယာဉ်ပေါ်မှာတောင် ခေါင်းအုံးလေးပိုယူလာရတာနဲ့ ရုပ်ရှင်အတူကြည့်ရတာနဲ့ "

သူ့ဘေးနားသို့ရောက်လာကာ တမင်မကြားကြားအောင် ကပ်ပြောသူကတော့ ဆူးဒေဝီရယ်ပါ။ လေယာဉ်ပေါ်က ကိစ္စတွေကိုအခုထိ မကျေနပ်နိုင်ဖြစ်နေသေးလားတော့မသိ။

"ဆူးဒေဝီ နင်လည်းသူများနိုင်ငံရောက်တာတောင် ပေါက်ပေါက်ဖောက်နေတုန်း "

သူပြောတော့ ဆူးကလျှာထုတ်ကာပြောင်ပြသည်။ဘေးက တိတ်ဆိတ်နေသောသူကို လှည့်ကြည့်လိုက်တော့ မအီမသာဖြစ်နေပုံရသည်။

"ညိမ် ခင်ဗျားအဆင်ပြေရဲ့လား အန်ချင်လို့လား "

"ကိုယ်ခေါင်းမူးတယ် ခီ "

"အင်း အင်း ။ ဟိုနားကထိုင်ခုံစီကို သွားနိုင်လား "

"ရတယ် ရတယ် "

ခီတန်ကူးဇဏ် လေယာဉ်ကွင်းအပြင်ဘက်မှ ထိုင်ခုံတစ်ခုံတွင် ညိမ့်အားထိုင်‌စေသည်။ပြီးမှ luggageများဆွဲကာ နောက်မှလိုက်လာသော ဆူးနဲ့ရတု ကိုအကျိုးအကြောင်းပြောရသည်။

"မင်းတို့နှစ်ယောက်က ဟိုတယ်ကိုသွားလိုက်တော့ ငါ‌ဖုန်းဆက်ထားတယ် ။ ညိမ်ခေါင်းမူးနေတာမို့ ကားစီးနိုင်မှာမဟုတ်လောက်ဘူး "

"အင်းအင်း ဒါဆိုဟိုတယ်ရောက်ရင်ဖုန်းပြန်ဆက်လိုက်မယ် ။ ကိုမိုးသန့်အဆင်ပြေမှ လိုက်ခဲ့လိုက် ။ "

"အင်း။ ငါကြည့်လုပ်လိုက်မယ် ။ကားစောင့်နေလောင်ပြီ  သွားကြတော့ "

ဆူးက မသွားချင်သလို ပေတေတေလုပ်နေသဖြင့် သူပခုံးမှ လှည့်ကာတွန်းလိုက်ရသည်။

Love Of My Life [Completed]Where stories live. Discover now