10.2(U)

2.2K 362 17
                                    


ရီဟွိုင်ကို ဖုန်းခေါ်ပြီးတာနဲ့ ချန်လီကော
တစ်ယောက် စဥ်းစားမိလိုက်သည်။
အဲဒါကတော့ ဒီအစ်ကိုကြီး၏ စိတ်
အခြေအနေက တစ်နေ့တစ်ခြား
ပိုပိုဆိုးလာသည် ဆိုတာပင်။
သူဖုန်းဆက်နေစဥ် ထွက်လာသည့်
အသံက လူသတ်ဇာတ်လမ်းထဲက
လူသတ်သမား၏ အသံလိုပင်။

ချန်လီကောက ဖုန်းချပြီးတဲ့နောက်
တုန်ယင်လာကာ သူ့system ကို
မေးလိုက်သည်။

"ထုံအာ.....ယိုလင်ရဲ့ ပြီးမြောက်ခြင်း
ဘားတန်းကရော ဘယ်လိုအခြေအနေရှိလဲ?????"

system:မရွေ့သေးဘူး!!!

အဲဒီတော့မှ သူလည်း သူ့သမီးဒဏ်ရာမရသေး
ကြောင်း သက်ပြင်းချနိုင်သည်။ထို့နောက်
သူက systemကိုထပ်မေးလာသည်။

"ရီဟွိုင်က တစ်နေ့တစ်ခြား ပိုပိုပြီး ပုံမှန်မဟုတ်တော့သလိုပဲ သိလား!!!"

system:ဘာလို့လဲ?????

ချန်လီကော: အစောက သူ့ရဲ့ဖုန်းထဲကအသံအရ
ငါသူ့ရဲ့ မျက်နှာပုံစံတောင် ခန့်မှန်းလို့ရတယ်။

system:ငါထင်တာတော့ ဒီကမ္ဘာမှာ ဗိုင်းရပ်စ်တွေအများကြီးဝင်နေတာထင်တယ်။မင်းစောစောလေး ​ထွက်ရင်ကောင်းမယ်။

ဘာမှဖြစ်ဟန်မပြသော်လည်း systemကတော့
စိတ်ပူစွာ ပြောလာသည်။

ချန်လီကော:ပြည့်ခါနီးပါပြီကွာ!!!ငါ နှစ်တစ်ဒါဇင်လောက် ​နေခဲ့ပြီးပြီပဲ!!!ဆက်သည်းခံနိုင်ပါတယ်။

systemက ထပ်မပြောတော့ချေ။

ရီဟွိုင်က သူချန်လီကောကို တွေ့ဖို့ မစောင့်နိုင်တော့ဘူးဟု ပြောပြီးတာနဲ့ မျှော်လင့်ထားသည့်
အတိုင်း နာရီဝက်လောက်ကြာတော့ အိမ်ပြန်လာခဲ့သည်။

ရှန်းယိုလင် သူ့ကို ထိခိုက်ထားသည့်
နဖူးနားက ဒဏ်ရာကသွေးတွေထွက်နေတာကို.သူတွေ့လိုက်ရသည်။

ရီဟွိုင်က အိမ်ထဲကို ဝင်သွားပြီး သူ့ကုတ်အင်္ကျီကို ဆွဲချွတ်ကာ တိုးတိုးလေး ခေါ်လာသည်။

"သခင်"

ချန်လီကောက ဆိုဖာပေါ်မှာ ထိုင်ပြီး
သူ့ကို လျစ်လျူရှုထားလိုက်သည်။

အိမ်ထဲ၌ အပူပေးစက်ဖွင့်ထားပြီး
ကြမ်းပြင်ကိုလည်း ကော်ဇောခပ်ထူထူနှင့်
ခင်းထားလိုက်သည်။ ရီဟွိုင်က
ချန်လီကောရှိရာ လျှောက်လာပြီး
သူ့ရှေ့၌ ဒူးတစ်ဖက် ထောက်ကာ
ထိုင်ချလိုက်သည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now