Ep-40

476 19 0
                                    





မနက်လင်းကြက်တွန်ချိန် ရွာကနေ ကိုဖိုးထောင်ကြီးကလှည်းနဲ့လိုက်ပို့သည်။ ကားလမ်းပေါ်ရောက်တော့ မနက်ခြောက်နာရီပင်ရှိပြီမို့ လမ်းသွားလမ်းလာတွေနှင့်အတော်လေးစည်နေပြီပင်။ လှည်းပေါ်ကနေဆင်းကာ လိုင်းကားတားစီးလိုက်ပြီး မြို့ထဲကဆေးခန်းကို ကြီးကြီးနဲ့အတူဆက်သွားလိုက်သည်။ ရွာဇော်ကိုမျိုးမင်းကမပါမဖြစ်ပေါ့။ ဒီမြို့ကလမ်းတွေကို သူပဲကျွမ်းတာမဟုတ်ပါလား။ ဘယ်နေရာမှာ ဘာရှိလဲ အတိကျသိတဲ့သူမို့ ရွာကလူတွေအတွက် ကိုမျိုးမင်းကြီးက လမ်းညွှန်စာအုပ်ကြီးပင်။

ဆေးခန်းရောက်တော့ နာမည်စားရင်းပေးပြီး ဆေးစာအုပ်လုပ်ကာ တုန်ကင်နံပါတ်ပြားယူ၍စောင့်နေရသည်။ ရှစ်နာရီလောက်ရောက်တာတောင် နံပါတ်က ဆယ့်ခြောက်မလို့ ကျောတောင့်အောင်စောင့်ရင်း

"သတိုးရှိလား သတိုး"

"အာ ဟုတ်ကဲ့ ကျွန်တော်ပါ"

"၀င်လို့ရပါပြီနော်"

ဆေးအကူကောင်မလေးစကားဆုံးတာနဲ့ လိုက်ကာစလေးကာထားတဲ့အခန်းလေးထဲ၀င်တော့ ကိုမျိုးမင်းပါလိုက်၀င်လာသည်။ ဟုတ်သား သူကလဲ ဆရာ၀န်လောင်းလျာဖြစ်ခဲ့ဖူးသည်မို့ ကြီးကြီးထက်စာရင် သူကပိုနားလည်ပေမည်။

"ကဲ သား ဘာဖြစ်တာလဲ"

အသက်လေးဆယ်ကျော်အရွယ်အမျိုးသမီးကြီးကမေးလာတော့ ဖြစ်ပျက်သမျှပြောပြရင်း ဆရာမကြီးကလဲ စိတ်ရှည်လက်ရှည်နားထောင်ရင်း သေချာစစ်ဆေးပေးနေသည်။ ကိုမျိုးမင်းကတော့ ဘာတွေတွေးနေမှန်းမသိ မျက်ခုံးတန်းတွေစုကျုံ့ပြီး တစ်ခုခုကို အလေးအနက်တွေးနေဟန်။

တအောင့်မျှကြာမှ ဆရာမကြီးက ကိုမျိုးမင်းကိုမော့ကြည့်ကာ

"လူနာကသားနဲ့ဘာတော်လဲ"

"အသိပါဒေါက်တာ"

"မိသားစု၀င်မပါဘူးလား"

"ကြီးကြီးပဲပါတယ် ဒေါက်တာ ဘာဖြစ်လို့လဲ မဟုတ်မှ ကျွန်တော်ထင်သလိုတော့မဟုတ်ဘူးမလား"

"သားလဲရိပ်မိနေသားပဲ"

"ဟုတ်ကဲ့ ကျွန်တော်ဆေးကျောင်းတက်ဖူးတော့သိပါတယ်"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now