10.3(U)

2.2K 348 23
                                    

ချန်လီကောက ရီဟွိုင်၏ နည်းအမျိုးမျိုးဖြင့်
စားသောက်ခြင်း ခံနေရင်းနှင့် တခြားကမ္ဘာ၏
တံခါးပွင့်မည့် အချိန်ကို စောင့်နေခဲ့သည်။

ချန်လီကော: "အားယား.....ငါ့ခန္ဓာကိုယ်ကြီးတော့
အခေါင်းပေါက်ကြီးဖြစ်နေပါပြီ"

system:"......."

ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီခံစားချက်ကို
ကမ္ဘာပျက်ကပ်(Arc 5)တုန်းကလည်း
တစ်ခါ ခံစားခဲ့ရဖူးသည်။ သို့သော်လည်း
ကမ္ဘာပျက်ကပ်တုန်းက သူ့မှာ နွေဦးရေစင်
ရှိသည်ပင်။ ဒီနေရာမှာတော့ နွေဦးရေစင်
မရှိပေ။ ရလဒ်အနေနဲ့ ချန်လီကောက
ရီဟွိုင်ကို မြင်သည်နှင့် သူပေါင်နှစ်ချောင်း
တုန်ယင်လာခဲ့သည်။ သူထုတ်ဖော်မပြပေမဲ့
သူ့ဝိဉာဥ်ကတော့ ရီဟွိုင်ကို အလုံးစုံ
ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။

ရီဟွိုင်အခန်းထဲ ဝင်လာတော့ သူ့သခင်ရဲ့
ခန္ဓာကိုယ်က တောင့်တင်းနေသည်ကို
သူတွေ့လိုက်ရသည်။

သူက ပြုံးပြီး ခေါ်လိုက်သည်။

"သခင်"

ချန်လီကောကတော့ သူ့ကိုလုံးဝ လှည့်မကြည့်ပေ။

ရီဟွိုင်:"ကျွန်တော် သခင့်အတွက် တစ်ခုခု
ယူလာတယ်"

အရင်က ချန်လီကောဆိုရင် "အရုပ်"ဆိုသည့်
အသံကြားတာနှင့် မျက်လုံးအရောင်တွေ
တဖြတ်ဖြတ်တောက်နေမည်ဖြစ်သည်။
သို့သော် အခုအချိန်တွင်တော့ သူ့စိတ်ထဲကနေ
"ငါတကယ်ကို ဆက်မကစားနိုင်တော့ဘူး
အစ်ကိူကြီးရယ်၊ဆက်ကစားရင်းကနေ
ငါတကယ်သေတော့မယ်"

ရီဟွိုင်:"သခင် ကြိုက်မှာပါ"

ချန်လီကောက သူ့ရဲ့မျက်လုံးထောင့်ကနေ
မသိမသာကြည့်လိုက်တဲ့အခါမှာတော့
သူရီဟွိုင်ကို အထင်လွဲတာမှန်း သိသွားသည်။
ရီဟွိုင်လက်ထဲမှာ ကိုင်ထားသည်က လှပသည့်
နားကပ်တစ်စုံပေကိုး။

ရီဟွိုင်: "သခင်က ဒါလေးဝတ်ထားရင် အရမ်း
လှမှာပဲ"

ချန်လီကောက စိတ်ပျက်သွားသလို
အမူအရာပြလိုက်သည်။

ရီဟွိုင်ကတော့ ချန်လီကောရဲ့ အမူအရာကို
လျစ်လျူရှုထားလျက် နားကပ်ကို
ဝတ်ပေးလိုက်သည်။ နားကပ်မှာပါတဲ့
အနီရောင်စိန်တုန်းလေးဟာ ချန်လီကောရဲ့
နားရွက်ဖြူဖြူလေးနဲ့ အလွန်ပင်ပနံသင့်
လှပေသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now