chapter 9

3.2K 614 2
                                    

Uni

Fei Zhengက Nan HuaiLinအပေါ်မှာ သူ့အင်အားတွေ ကုန်ခမ်းသွားတဲ့အထိ မောမောပန်းပန်း လှုပ်ရှားနေတယ်။ Fei Zhengက သူ့ကို ဖိထားတာကြောင့် အသက်တောင်ကောင်းကောင်းရှုလို့ မရဘူးဖြစ်နေတယ်။ ဒါပေမယ့် Fei Zhengကို သူ့အပေါ်ကနေ ဖယ်ပေးဖို့ Nan HuaiLinမပြောရဲဘူး။ ဒါကြောင့် သူဒီအတိုင်းပဲ မပြိုလဲအောင်တောင့်ခံနေရတယ်။

မောပန်းစွာ လှုပ်ရှားနေရာကနေ တဖြည်းဖြည်းတည်ငြိမ်လာတဲ့အခါ Fei Zhengက သူ့ရဲ့ နား နားလေးကို ကပ်ပြီး တိုးတိုးလေးပြောလာတယ်။ "မနက်ဖြန်ညလည်း ကိုယ့်ရဲ့ အိမ်မက်ထဲကို ပြန်လာခဲ့ပေး၊ နော်?"

ဒီအဖြစ်အပျက်တွေ အကုန်လုံးက အိမ်မက်တစ်ခုပဲလို့........သူထင်နေခဲ့တာလား?

Nan HuaiLinရဲ့ စိတ်ထဲမှာ လူပေါက်စသေးသေးလေး အယောက်တစ်ရာ လာပြီး စကားများနေကြသလို သူ့စိတ်တွေ ရှုပ်ထွေးလာခဲ့တယ်။ သူ့ရဲ့ ခေါင်းက ပေါက်ထွက်တော့ မလိုပဲ။

ဒါပေမယ့် သူ ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချမှ ဖြစ်မယ်။ ဒီနေရာမှာ ဆက်နေမလား ဒါမှမဟုတ် ထွက်သွားမလား။

တကယ်လို့ သူ ဒီအိပ်ယာထဲမှာ နေခဲ့မယ်ဆိုရင် Fei Zhengနိုးလာတဲ့အခါ သူလိုချင်ခဲ့တဲ့ အရာတွေ၊ သူ့ရဲ့ ဘဝကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးတွေ ရလာမှာ။

တကယ်လို့ သူသာ ထွက်သွားခဲ့မယ်ဆိုရင် ဒါတွေအားလုံးက ဘာမှမဖြစ်ပျက်ခဲ့သလို အိမ်မက်တစ်ခုအဖြစ်ပဲ ကျန်ရှိနေခဲ့လိမ့်မယ်။ ပြီးရင် သူ့ဘဝကို ပြင်းပြင်းထန်ထန်ကြိုးစားလှုပ်ရှားရုန်းကန်နေရဦးမှာ။

မကြာခင်ပဲ Fei Zhengရဲ့အသက်ရှုသံက ပုံမှန်ဖြစ်လာပြီး ရှည်လျားလာခဲ့တယ်။

သူအိပ်ပျော်သွားပြီထင်တယ်။

"Mr.Fei?" Nan HuaiLin အသံကိုနိမ့်ပြီး မရဲတရဲခေါ်လိုက်တယ်။

ပြန်ဖြေလာတဲ့ အသံ မကြားရဘူး။

ထွက်သွားရမယ်။ Nan HauiLinဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချလိုက်တယ်။ ဒါတွေအကုန်လုံးဖြစ်ပျက်ပြီးတဲ့နောက်မှာ အခွင့်အရေးတွေအတွက်နဲ့ ဒီလိုအဖြစ်အပျက်ကို အသုံးပြုပြီး လဲလှယ်လိုက်ဖို့ သူ မလုပ်နိုင်တော့ဘူး။ ဒီလိုကိစ္စကြီးကိုများလုပ်လိုက်မိရင် သူလည်း Shi Yanလို လူမျိုးနဲ့ ဘာများကွာတော့မှာလဲ?

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now