part 28

13K 936 127
                                    

သူတို့နှစ်ဦး နေသည့် အခန်းက အောက်တစ်နေရာသို့ငုံ့ကြည့်ပါက မြက်ခင်းစိမ်းတို့ ပတ်လည် ၀န်းရံခံထားရသော ခြံဝန်းအတွင်းမှ ကျယ်ဝန်းသော လျှောက်လမ်းလေးကို တွေ့ရမည်ဖြစ်သည် ။ ဂိုဒေါင်ဆီမှ ထွက်လာသော ခက်ထန် ၏ ကားသည် ထို လျှောက်လမ်းကျယ်မှ ဖြတ်ပြေးသွားသည်ကို မျက်စိတဆုံး မျှော်ငေးနေမိသည် ။

ဒီနေ့လည်း သူ ကုမ္ပဏီသို့ လိုက်ခွင့်မရပြန်ပေ။

အိပ်ခန်းတံခါးကို သော့ခတ်ထားခဲ့ပြန်သည့်အခါ
အနားယူအပန်းဖြေရာ အရပ်သည် ခက်ထန်အငွေ့အသက်တို့ စွဲကျန်ရစ်ခဲ့သော
အိပ်ရာတစ်ခုသာ ဖြစ်၏ ။ မနေ့ညက စက်ပိတ်ထားခဲ့သော ဖုန်းကို စိုက်ကြည့်လို့ သူ့အတွေးတို့က ခန္ဓာကိုယ်၏ ပြင်ပသို့ ရုန်းကန်ထွက်ပြူလာတော့သည် ။

သူ့ အတိတ်နေ့ရက်တို့သည် ဆက်ထန် ဟူသော လူကြီးလူကောင်း မပီသခဲ့သည့် လူတစ်ယောက်နှင့်အစပြုခဲ့သလား... ။ ထိုလူ၏ အမျိုးသမီး ဖြင့် အစပြုခဲ့လေသလား.... ။

လူမှန်းသိတတ်စအရွယ်ကတည်းက ကျည်ဆန်တွေကြားမှ ပြေးလွှားရုန်းကန်ရင်း အသက်ဆက်ရာ အရိပ်အမြုံတစ်ခုက.... သူ့ကို ခေါ်ခိုင်းတယ် ။

" ဒယ်ဒီ လို့ ခေါ်... သား နာမည်က ဒီနေ့ကစပြီး ထည်ဝါလင်းရှိန်!  ဖြစ်သွားပြီ... ဘယ်လိုခေါ်လဲ "

" ထည်... ထည်.. "

၅နှစ်ကျော်အရွယ် ကလေးလေးတစ်ယောက်ဟာ မျက်စိရှေ့မှာ သေဆုံးသွားသော ဖခင် အလောင်းကိုတောင် ကြာမြင့်စွာ ထွေးပွေ့ခွင့် မရခဲ့လေဘူး ။ သူစိမ်းတစ်ယောက်က နာမည်သစ်ပေးလာခြင်းအပေါ် ထိတ်လန့်စွာ တုန်ရင်နေသော လက်ကလေးကို ပိုက်လို့ ထစ်ငေါ့စွာ အတတ်နိုင်ဆုံး ကြိုးစားကြည့်နေသည် ။

သူ့ဖခင်က ဆုံးမထားတယ်  ။ လူကြီးတွေရှေ့ရောက်ရင် လက်ပိုက်ပြီး စကားပြောရမယ်တဲ့.... ။ ဒါကြောင့် ကလေးငယ်သည် တစ်တုတ်နေသော လက်ကလေးနှစ်ဖက်ကို ပိုက်လို့ မျက်ရည်ဥလေးများက ပါးပြင်တလျှောက် စီးကျလို့နေ၏ ။

သူ လိုချင်တာ နာမည်အသစ်မဟုတ်ဘူး ။ သူ့အဖေကိုပဲ ပြန်လိုချင်တာပါ။ သူ့အဖေ ရင်ဘတ်ပေါ်က အပေါက်ကြီးကို ပြန်ဖာပေးမဲ့ လက်တစုံပဲ လိုချင်ခဲ့တာ... ဒါပေမဲ့ သူ ရခဲ့တာက သူ့ကို ဖေးမစွာ ကမ်းလင့်လာတဲ့ လက်ကြီးကြီးတစ်ဖက် ဖြစ်နေခဲ့သည် ။

You are my husband (Season 1)Completed  Where stories live. Discover now