Ep-46(Uni/Zg)

63.7K 4.3K 1.2K
                                    

" ကျတော့်နာမည် စမ်းရေလှိုင်းပါအကို...အလွယ်အနေနဲ့ "လှိုင်း" လို့ပဲမှတ်ထားပေးပါဗျ "

ခေါင်းကိုပဲအသာလေးညိမ့်ပြကာ ဟန်နရီထိုကောင်လေးကို ကျောခိုင်းကာ လှည့်ထွက်လာခဲ့သည်...နေရောင်ထဲမှာ ပေါ်လွင်နေတဲ့ မျက်ခုံးထူထူလေးနဲ့ မျက်တောင်ရှည်လေးတွေက သွေးအေးတဲ့ပင်ကိုယ်ပုံစံကိုဖုံးလွှမ်းကာ အနည်းငယ်နူးညံ့နေသယောင်...

***
" ဒီဆိုင်က စျေးကြီးမဲ့ပုံပဲနော် ကျတော်တို့တခြားဆိုင်သွားကြမလား"

" ကိုတယောက်လုံးပါနေတာတောင် ဘာတွေသောကဖြစ်ပြန်ပီလဲအချစ်ရယ် ဘာလဲ ဟိုတခါလို မာန်ဟိန်း၀ယ်ကျွေးရမှာစိုးလို့လား ?"

" မဟုတ်ပါဘူး ကျတော်ကခင်ဗျားပိုက်ဆံကုန်မှာစိုးလို့ "

" ကိုပိုက်ဆံကုန်မှာစိုးရင်လဲ မာန်ဟိန်းကိုကို(ကို) ရှင်းခိုင်းလိုက်မယ်လေ "

သူ့ကိုကို(ကို) ရှင်းခိုင်းမယ်ပြောတော့ ကျတော့်ကို မျက်စောင်းထိုးပီး စိုက်ကြည့်နေလေရဲ့...ဒီကလေးက ဟိုကောင်ပိုက်ဆံကုန်မှာတော့ တော်တော်စိုးရိမ်တတ်သားပဲ...

" ဒီဆိုင်က Samကိုယ်တိုင် နှရက်ကြိုပီး ဘိုကင်ယူထားပေးတာလေ "

" ခင်ဗျားကော ဒီဆိုင်ကိုအရင်က လာဖူးလား "

" မလာဖူးဘူး ဒီဆိုင်ဖွင့်တာမကြာသေးဘူးဆိုတော့ ကိုတောင်သေချာမသိဘူး ဟိုကောင် Samပြောပြလို့သိတာ "

" ခင်ဗျား Swissကိုသွားတာ ဘာအလုပ်ကိစ္စရှိလို့လဲ "

ရုတ်တရတ် မမျှော်လင့်ထားတဲ့မေးခွန်းကြောင့် ဟန်နရီခဏငြိမ်သက်သွားသည်...လွန်းကတော့ ဟန်နရီ့မျက်နှာပဲစိုက်ကြည့်ကာ သူ့မေးခွန်းအတွက် ဟန်နရီတုံ့ပြန်လာမဲ့ပုံကို စောင့်ကြည့်နေလိုက်သည်

" ကို...အရေးကြီးကိစ္စလေးရှိလို့ "

" ဘာကိစ္စလဲ "

" ကို့အဖိုးနဲ့သွားတွေ့တာ "

" သွားတွေ့တာ ဘာလို့ကျတော့်ကို1နှစ်လောက် မဆက်သွယ်ခဲ့တာလဲ "

" ကို့မှာလဲဆက်သွယ်လို့မရတဲ့ အကြောင်းပြချက်လေးတွေရှိနေခဲ့လို့ပါ ဒါပေမဲ့ အချစ်ကိုတရက်လေးတောင် မေ့မရခဲ့ဘူးဆိုတာတော့ ယုံပေးပါကွာ နော် "

HANARY(S1+S2) Where stories live. Discover now