10.4(U)

2.5K 354 7
                                    

ချန်လီကောက ရင်မောသည့် ခံစားချက်ကြီး
ဖြစ်လာသည်။ သူသိလိုက်သည်က ရီဟွိုင်က
သူဘယ်သွားသွား စိတ်မချဘူးဆိုတာပင်။
ဖန်သားပြင်ပေါ်ကနေ စောင့်ကြည့်တာအပြင်ကို
သူ့ခန္ဓာကိုယ်ပေါ်မှာ တခြားအရာတွေ
သေသေချာချာ ဖြည့်သွင်းပြီးခဲ့ပြီးပြီ။

ရှန်းယိုလင်ဆိုတဲ့ အရူးမလေးရဲ့ စကားကို
သာ သူနားထောင်မိရင် သူကြောက်တာက
ရှန်းယိုလင်ရှေ့မှာပင် သူအပြင်းအထန်
အစားခံရမည်ဆိုတာပင်။

ချန်လီကော: "သွားကြစို့"

သူက ပြောပြီးတာနဲ့ သန့်စင်ခန်းက ထွက်ရန်
ပြင်လိုက်သည်။ သို့သော်လည်း ရီဟွိုင်က
သူ့လက်ကို ဆွဲကာ.......

"ကျွန်တော် သခင့်ကို လိုချင်တယ်"

ဟု ပြောလာသည်။

ချန်လီကောရဲ့ အသားအရေက ဆိုးဝါးလာပြီး
မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"မင်းတစ်စိတ်ရရင် တစ်အိတ်လုံး မလိုချင်နဲ့လေ"

ရီဟွိုင်: "သခင် ကျွန်တော့်ကို မငြင်းနိုင်ပါဘူး"

ချန်လီကောရဲ့ နှလုံးသားက အေးခဲသွားရသည်။

မင်္ဂလာပွဲပြီးတော့ ရှန်းယိုလင်က ချန်လီကောကို
မတွေ့တော့သဖြင့် သူမအဖေနေမကောင်းဘဲ
ပြန်သွားသည်ဟု ထင်လိုက်သည်။ သို့ပေမဲ့
သူမက သေချာသွားအောင် သူမရဲ့ လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။

အဲဒီအချိန် နေရာတစ်ခုမှာတော့ ရီဟွိုင်က
တိုးတိုးလေး ရယ်မောလျက် ချန်လီကောကို
ပြောလာသည်။

"သခင် ယိုလင်ဆက်တာ"

ချန်လီကောရဲ့ အသက်ရှူသံက ပုံမှန်မဟုတ်တော့ချေ။ သူက အံကိုသေချာကြိတ်လျက်....

"ဖုန်းချလိုက်"ဟု ပြောလာသည်။

သို့ရာတွင် ရီဟွိုင်က ပြန်ဖြေသည့်
ခလုတ်ကို နှိပ်ထားပြီးပြီပင်။

"ဟယ်လို????အဖေ အဖေဘယ်မှာလဲ???t
ဘာလို့ သမီး အဖေ့ကို မမြင်ရတာလဲ????"

ချန်လီကောက အံကိုကြိတ်လျက်

"အဖေ....အဖေ....နေမကောင်းလို့...ပြန်သွားတာ...အု....အား!!!"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now