part 29

13.5K 1K 104
                                    

"ဒယ်ဒီ့ ဘ၀မှာလိုချင်ဆုံးက မင်း ပါပဲ ကိုးလ်
ယ်ဒီ့ ကလေးလေးင်န်းသွားပြီ "

သူ့နားထဲလေငွေ့နွေးနွေးလေး ဖြတ်ပြေးသွားသည်။
ဘာတွေပြောနေလဲဆိုတာ သူ မသိဘူး ။အမှောင်ထုကြားထဲမှ အလင်းတန်းလေး ဖြာကျလာတဲ့အောက်မှာ လုံးလုံး လုံးလုံး နဲ့ ပြေးလွှားနေတဲ့ ခက်ထန် နောက်ကို သူ ပြေးလိုက်နေရသည် ။ ဒီကလေးလေး ချော်လဲသွားလေမလားလို့ သူ တွေးပူနေရပြန်၏ ။.

နောက်တော့ သူ့နားထဲ ဆူဆူညံညံ အသံများက ပွက်လောရိုက်လို့နေသည် ။ စူးစူးနစ်နစ် အော်ဟစ်သံများကြောင့် မျက်လုံးကို ကမန်းကတမ်းဖွင့်ကြည့်တဲ့အခါ နေရောင်စူးစူးက မျက်လုံးကို ဖွင့်မရအောင် တားဆီးထား၏။

သူ့ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ထုရိုက်နေသော လက်တစ်ဖက် ရှိနေသည် ။ သူ့အသားထဲ စိုက်ဝင်လာသော စူးနစ်မှူတစ်ခုရှိ၏ ။ လက်သည်းရှည်များပင် ဖြစ်လိမ့်မည် ။

" အယုတ်တမာကောင်!  ပိုင်းလုံးကောင် နင် ထစမ်း... "

" တော်စမ်း မဒီ... ငါ့ ကလေးကို မထိနဲ့ "

သူ တကယ်ပင် နားမလည်နိုင်ပေ ။ မေမေလေးက ငိုနေတယ် ။ ဒယ်ဒီနဲ့ သူက ကုတင်တစ်ခုပေါ်တွင် စောင်တထည်တည်းကို ခြုံထားတယ် ။ နောက်ပြီး သူ့ ခန္ဓာကိုယ်ပေါ်တွင် အ၀တ်ကင်းမဲ့နေလေသည်။

သူ ထိတ်လန့်ကာ နောက်သို့ တစ်ချက် ဆုတ်မိသွားသည် ။ ယောက်ျားနှစ်ယောက် အ၀တ်ဗလာနဲ့ စောင်တထည်ထဲ ခြုံလျက်ဖြင့် နိုးထလာရသည် ။ ဒါက ပြသနာမဟုတ်လျှင်တောင် အိပ်ရာခင်း အဖြူပေါ်က နီရဲနေတဲ့ သွေးတွေက ပြသနာရှိလို့နေခဲ့ပြီ ။ ထိုသွေးတွေသည် သူ့ ဗိုက်သားဖြူဖြူပေါ်တွင်ပင် ပေကျံနေတော့၏ ။

" ခက်ထန်  ညက အဖျားကြီးလို့ ဆေးရုံတင်ထားရတယ် ထည်ဝါလင်းရှိန်! ငါ မသိအောင် နင့်ကို တညလုံး ၀ရန်တာရှေ့ ထွက်စောင့်နေခဲ့တာ... ငါ့သားလေးက နင့်ကို မျှော်နေတဲ့အချိန်မှာ နင်ကတော့ သူ့အဖေနဲ့ အိပ်ရာပေါ်မှာ သိပ်သာယာနေခဲ့မှာပေါ့... အောက်တန်းစားက အောက်တန်းစားပဲ ထည်ဝါလင်းရှိန်!  အ၀တ်အစားအကောင်းစားတွေ ၀တ်လိုက်တိုင်းလည်း နင့် ရဲ့ စုတ်ပြတ်နေတဲ့ ကိုယ်ကျင့်တရားက ကောင်းမလာဘူးဆိုတာ ငါ သိလိုက်ရပြီ "

You are my husband (Season 1)Completed  Where stories live. Discover now