" ခေါင်းလာမာမနေနဲ့ ဒီသေနတ်ထဲကကျည်ဆန်က ဟောဒီလိုလေး ဒေါက်တာ့ရဲ့ခေါင်းထဲကို ၀င်သွားလိမ့်မယ်နော် "
" အာ့ "
အ၀ေးကနေလှမ်းပစ်လိုက်တဲ့ အုတ်ခဲကျိုးအပိုင်းအစတခုက ထိုလူမျက်နှာတည့်တည့်ကိုမှန်ကာ မြေပြင်ပေါ်လဲကျသွားသည်။ လက်ထဲကနေ လွတ်ကျသွားတဲ့သေနတ်ကို လှမ်းယူဖို့ကြိုးစားနေတဲ့လက်ကို ဟန်နရီခြေထောက်ဖြင့်လှမ်းကန်လိုက်ကာ သေနတ်ကိုကောက်ယူလိုက်သည်။ ပြီးတာနဲ့ သေနတ်ရဲ့အစိတ်အပိုင်းတခုချင်းစီကို အချိန်ခဏလေးအတွင်းမှာတင် တစစီဆွဲဖြုတ်လိုက်သည် သွေးအေးလွန်းတဲ့မျက်နှာက ပိုခက်ထန်သွားကာ ကြောက်စရာကောင်းတဲ့လူတယောက်အဖြစ်သို့...
လဲကျနေတဲ့လူကို ဟန်နရီဆွဲမကာ မျက်နှာကိုအဆက်မပြတ်လှမ်းထိုးလိုက်သည်...သွေးအေးကာ ရက်စက်လွန်းတဲ့ပုံက လွန်းအတွက်တော့ ကြောက်စရာကောင်းနေခဲ့မှာအမှန်
" တော် တော်ပါတော့ ဟိုလူသေသွားလိမ့်မယ် "
လွန်းက ဟန်နရီလက်ကို အတင်းလှမ်းဆွဲပီး ငိုယိုတောင်းပန်နေတာကြောင့် ဟန်နရီသူ့ရဲ့စိတ်တွေကိုပြန်ထိန်းချုပ်လိုက်သည်...တဖက်လူကတော့ ဟန်နရီလွှတ်ပေးလိုက်တာနဲ့ ချက်ချင်းထွက်ပြေးသွားသည် အရင်လိုစိတ်နဲ့ဆို တခါထဲကိစ္စရှင်းပစ်မှာသေချာပေမဲ့
လွန်းအရှေ့မို့ သူသည်းခံနေလိုက်၏" ဘာမှမဖြစ်တော့ဘူးနော် ကိုယ်ရှိတယ် "
" ကျတော်ကြောက်တယ် "
" ရှုး...ကိုယ်သိတယ် မကြောက်နဲ့တော့နော် ကိုယ်နောက်ကျသွားလို့တောင်းပန်ပါတယ် "
" ဘာလို့ ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်ရတာလဲ အချစ်ရယ် ကြည့်ပါအုံး လက်တွေကိုကုတ်ဖဲ့ထားတာ ပွန်းပဲ့ကုန်ပီ "
" ကျတော့်ကို ဖက်ထားပေးအုံး "
အသံလေးတွေတုန်ယင်ကာ ကြောက်လန့်နေသေးတဲ့လွန်းကို ဟန်နရီတင်းကျပ်စွာပွေ့ဖက်လိိုက်ပြီး ကျောပြင်အားပွတ်ပေးလိုက်၏။
" ကိုယ်တို့ ကားထဲကိုသွားရအောင်နော် အချစ်လက်လေးတွေကို ဆေးထည့်ပေးမယ် "