အချစ်ကြောင့်
ပျော်ရွှင်ရသလို...
အချစ်ကြောင့်
ဝမ်းနည်းရတတ်တယ်...
အချစ်ကြောင့်
မာန်တက်ရသလို...
အချစ်ကြောင့်
သိမ်ငယ်ရတတ်တယ်...
အချစ်ကြောင့်ပဲ
ပြသနာပေါင်းစုံဖြေရှင်းနိုင်သလို...
အချစ်ကြောင့်
ပြသနာပေါင်းစုံကြုံရတတ်တယ်...
အချစ် ဆိုတာကို စာတမ်းပြုစုနေတာမဟုတ်ပင်မဲ့
တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေကနေ
ချစ်သူတွေထိဖြစ်လာနိုင်တဲ့ စွမ်းအားရှိသလို
သိပ်ချစ်ကြတဲ့သူနှစ်ယောက်က ရန်သူတွေလဲဖြစ်သွားနိုင်ကြတယ်
နားလည်အောင်ပြောရရင်
အချစ်ရဲ့ ဆန့်ကျင့်ဘက်ဆိုတာ အမြဲတမ်းရှိတယ်
ဘာရယ်မဟုတ် ဂျာနယ်ထဲမှာတွေ့လိုက်တဲ့စာစုလေး
စိတ်ဝင်စားစရာတော့ကောင်းသားဗျ
ကျွန်တော် ခုအသက်ရွယ်ထိ ချစ်သူရည်းစားမထားဖူးဘူးဆို ယုံကြမှာလား
ကျွန်တော့်အသက်က ၃၀ပါ
ရွာတစ်ရွာကနေ ဘွဲ့ရပညာတတ်တောသားတစ်ယောက်ဆိုလဲ မမှားဘူး
ဒီအသက်အရွယ်ထိ စိတ်ကစားမိတာမျိုးတောင်မရှိခဲ့ဖူးဘူး
အ့လို စိတ်ကစားစရာမျိုးကို ကြုံမိရအောင်လဲ
အချိန်မရှိခဲ့ဘူး
ရွာကအဘတို့ကျေးဇူးကြောင့်ပဲ မြို့မှာကျောင်းတက်ခွင့်ရခဲ့တယ်
စာကြိုးစားဖို့ အမြဲတစေဆုံးမတတ်တဲ့
အဘ ဘုန်းဘုန်း ကြောင့်လဲ ပညာရေးမှာထူးချွန်အောင်ကြိုးစားခဲ့မိတယ်
Ecoနဲ့ကျောင်းပြီးဘွဲ့ရပြီး စီးပွားရေးလုပ်ငန်းစုတစ်ခုမှာ marketing ရာထူး အောက်ဆုံးအဆင့်ကစပြီး ဝင်လုပ်ခဲ့ရတယ်
ကျောထောက်နောက်ခံမရှိ ကိုယ့်ဒူးကိုယ်ချွန်ခဲ့ပြီး
အောင်မြင်မှုသေးသေးလေးရရင်တောင်
ပျော်နေခဲ့မိတယ်
အသက်၂၆မှာအလုပ်ရပြီးခုအသက်၃၀အရွယ်မှာတော့ ကြိုးစားမှုရဲ့ရလဒ်လို့ပဲပြောရမလား
ဌာနမှုးရာထူးရခဲ့ပါတယ်
အဝတ်အစားပိုင်းကို mainအနေနဲ့ ထုတ်တဲ့
လုပ်ငန်းစုဖြစ်တာကြောင့်
ကျွန်တော် ဒီဇိုင်းသင်တန်းဘက်ကို လေ့လာဖို့
အပြင်သင်တန်းထပ်ပြီး တက်ခဲ့ရပါတယ်
YOU ARE READING
မောင်သည်သာ ( Complete)
General Fictionအတွေ့အကြုံနည်းသေးတာမို့ သည်းခံပြီး အားပေးပါအုံးလို့ 👉👈
