စာစဉ် ၆၇ (၁-၈)
2.1K 320 19
Book.              :  67
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၇၊ အခန်း ၁။  ပြိုင်ပွဲကို ရပ်တော့
လူတိုင်း အံအားသင့်မှုတို့ နားမလည်နိုင်မှုတို့ အတိုင်းသား ပေါ်ထွက်နေသည့် မျက်နှာဖြင့် ရီဝမ်ဝမ်ဘက် လှည့်ကြည့်လိုက်ကြသည် ။
ရီဝမ်ဝမ်သည် ဒီနှစ် သိုင်းပြိုင်ပွဲထဲ ၀င်ပါလာနိုင်ခဲ့ပြီး
၂၇ ပွဲ ဆက်တိုက် အနိုင်ရလာခဲ့ကာ အခုအခြေအနေထိ ရောက်လာနိုင်သည်ကပင် တော်တော်လေး စွမ်းနေပြီဟု ပြောလို့ ရနိုင်သည် ။ ထို့ပြင်လည်း
A အဆင့် ရှိသော ကြေးစားများပင် သူမလက်အောက်၌
ဆန်းကြယ်စွာ အရှုံးပေးသွားခဲ့ကြရသေးသည် မဟုတ်လား ။
တခြားသူများ၏အမြင်တွင် ရီဝမ်ဝမ်၏ သိုင်းပညာမှာ
A အလယ်အလတ်အဆင့် ကြေးစားအဆင့်လောက် ဖြစ်နိုင်သော်လည်း ထို A အဆင့်မြင့် ကြေးစားကြီးများ ကိုတော့ နိုင်အောင် တိုက်ဖို့ မဖြစ်နိုင်ပါချေ ။
အကြီးအကဲ လျောင်ဟယ်၏ တပည့် မန်ကဲနှင့် ထိပ်တိုက်တွေ့ လိုက်ရပါက  ပြိုင်ပွဲကနေ ချက်ချင်း အရှုံးပေးလိုက်ခြင်းသည် ဥာဏ်အရှိဆုံးသာ ရွေးချယ်မှု ဖြစ်ပေသည် ။
အရှုံးပေးလိုက်လို့ ဘယ်သူကမှ ဘာမှ ပြောကြလိမ့်မည် မဟုတ်သောလည်း အခုတော့ ရီဝမ်ဝမ်သည် အလွန်အမင်းပင် တိုက်ခိုက်လိုစိတ် အားကြီးနေကာ မန်ကဲအပြင် မန်ထင်းကိုပါ ထပ်လောင်းစိန်ခေါ်နေသည်မို့ နှစ်ယောက်တစ်ယောက်တိုက်ဖို့ ကြံနေခြင်းကို သူတို့ နားမလည်နိုင်တော့ ။ အခုလို ဖြစ်ရပ်မျိုးသည် မီးလျှံကျောင်းတော်၏ သိုင်းပြိုင်ပွဲသမိုင်းတွင် တစ်ခါပင် မဖြစ်ခဲ့ဖူးပေ ။
အကြီးအကဲ ခုံး သည်လည်း မျက်မှောင်ကြုတ်နေလေပြီ ။ သူသည်လည်း ရီဝမ်ဝမ်၏လုပ်ရပ်ကို နားမလည်ပါချေ ။
ဒီတပည့်လေး သူ့ ရဲ့ ဒုတိယစီနီယာအစ်ကို ကျန်းဟူအတွက် ပြန်လက်စားချေပေးချင်နေခြင်းလား ။
လက်စားချေချင်တယ်ဆိုရင်တောင်မှ ကိုယ် မလုပ်နိုင်မှန်း သိသည့်အရာကို မနိုင်ဝန်မထမ်းသင့်ပေ ။
ဒါသည် ရူးမိုက်လွန်းရာ ကျပေသည် ။