စာစဉ် ၆၇ (၁၇-၂၆)
2.2K 306 30
Book.              :  67
Chapter.          :  17 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၇၊ အခန်း ၁၇။  တရားမျှတမှု ပေးပါ ကျောင်းအုပ်ကြီး
ရီဝမ်ဝမ်သည် သိုင်းပြိုင်ပွဲ၏ စည်းကမ်းများကို တတွတ်တွတ် ပြန်သွားချေပြီ ။
မန်ထင်းသည် လက်နက်ယူဆောင်လာသည် ဆိုရင်တောင် ဓားတိုတစ်လက်က လက်နက်ပုန်းမဟုတ်သလို အဆိပ်မှုန့် မဟုတ်တာကြောင့် ထိုကဲ့သို့ လက်နက်မျိုးကို ခွင့်ပြုထားပါ၏ ။ ထို့ကြောင့် မန်ထင်းသည်လည်း စည်းကမ်းမချိုးဖောက်သလို သူမကို သတ်လိုခြင်း မသတ်လိုခြင်းအားလည်း လွယ်လွယ်နှင့် ဆုံးဖြတ်လို့ မရနိုင်ပေ ။
ရီဝမ်ဝမ်သည် ငတုံးငအ မဟုတ်ပါပေ ။ သိုင်းပြိုင်ပွဲအတွင်း မန်ထင်းသည် ဓားဆွဲထုတ်ပြီး သူမကို သတ်ဖို့ လုပ်ခဲ့လို့
သူမက ထိုဓားကို ပြန်ခိုးယူပြီး သတ်ပစ်လိုက်ရခြင်းကို အားလုံးလည်း အမြင် ဖြစ်ပါရဲ့နဲ့ အဘယ်ကြောင့် သူမတွင် အပြစ်ရှိပါသည်ဟု ထိုခေါင်းဆောင်များက ဆုံဖြတ်ကြ သနည်း ။
ဘက်မလိုက်ရဆိုသည့် စည်းမျဉ်းလည်း ရှိသေးသည်မို့ပင် ။
မန်ထင်းသည် လက်နက်ပုန်း မသုံးသရွေ့  အဆိပ်ကို မသုံးသရွေ့  ဓားယူဆောင်လာခွင့်က ပြုထားပေသည် ။ ထိုဓားဖြင့် သူမကို အချက်ပေါင်းများစွာ ထိုးစိုက်ကာ သေစေမှသာလျှင် မန်ထင်းကို အပြစ်ပေးကြပေလိမ့်မည် ။
အရာရာသည် ကျောင်းတော်၏ စည်းမျဉ်းအတိုင်းမို့
သူမအတွက် ရှင်းရလွယ်၏ ။
မီးလျှံကျောင်းတော်သည် စည်းကမ်းကို အလေးထားသည်မို့ ထိုစည်းကမ်းထဲက ဟာကွက်ကို သူမ ရှာတွေ့ သရွေ့  အဆင်ပြေနိုင်ပေသည် ။
မီးလျှံကျောင်းတော်၏ စည်းကမ်းထဲတွင် ပြိုင်ပွဲဝင်များအား အရက်မသောက်ရ ဆိုသည့် စည်းကမ်း မရှိနေတာကြောင့်
အရက်မူးပြီး ဖြစ်လာသမျှအပေါ် ရီဝမ်ဝမ် ခေါင်းရှောင်လို့
ရ၏ ။ ထို့ပြင် သူမသည် စည်းကမ်းအတိုင်း လိုက်နာခဲ့သည့်
D အဆင့် ရောက်ခါစ ကြေးစားလေးမျှသာ ရှိသေးသည် မဟုတ်လား ။