စာစဉ် ၆၈ (၁-၈)
2.7K 377 23
Book.              :  68
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၈၊ အခန်း ၁။ အကြွေးတင်တာလား ။
အကြီးဆုံးသခင်လေး ရှန်း လို လူစားမျိုးသည်ပင် S အဆင့် ကြေးစားတစ်ယောက် ဖြစ်နိုင်ခဲ့လေသည် မဟုတ်လော ။ သို့ဆိုလျှင် သူသည် D အဆင့် ကနေ S အဆင့်ကို တက်လှမ်းနိုင်အောင် ကြေးစားမှတ်များကို မည်သို့ ရှာခဲ့သည်နည်း ။
အကြီးဆုံးသခင်လေး ရှန်း သည် တကယ်ပင် မစ်ရှင်တွေ ထွက်ခဲ့ပြီး ကိုယ့်အားကိုယ်ကိုးကာ ကြေးစားမှတ်တွေ ရလာခဲ့ခြင်းဟုတော့
ရီဝမ်ဝမ် မယုံကြည်ပေ ။
ကြေးစားမှတ်များကို ငွေပေးဝယ်နိုင်ခဲ့ခြင်း ဆိုရင်တော့ ရီဝမ်ဝမ်အတွက်လည်း ထို ၁၇၅၀၀၀ မှတ်မှာ ဘာမှ စာဖွဲ့ နေစရာ မလိုတော့ပါချေ ။
“ဆရာကြီး ကျွန်မရဲ့မှတ်ဥာဏ်တွေကို အရင် ဆယ်ပေးပါလား .. ဆရာကြီးဆီမှာ ကျွန်မ ၁၅၀၀၀၀ အကြွေးတင်သွားပြီလို့ မှတ်ထားပေးလေ .. ဘယ်လိုလဲ”
ရီဝမ်ဝမ် ပြုံးရွှင်လန်းကာ ၀မ်းသာဖြီးစွာဖြင့် ကျောင်းအုပ်ကြီးအား စိတ်အားတက်ကြွစွာ စိုက်ကြည့်လိုက်ရာ
ကျောင်းအုပ်ကြီး အံ့သြသွား၏ ။
“အကြွေးမှတ်ထားရမှာလား”
မီးလျှံကျောင်းတော်တွင် သူ့ အား အခုလို တောင်းဆိုရဲသူမှာ
ဒါ ပထမဆုံး ဖြစ်ပေသည် ။
ရီဝမ်ဝမ်သည် အစကတည်းကပင် ၂၅၀၀၀ ကြေးစားမှတ် အကြွေးတင်နေပြီကို ထပ်ပြီးတော့ ၁၅၀၀၀၀ မှတ် အကြွေးမှတ်ခိုင်းနေပြန်သည် ။
ဘယ်လိုတောင် ရယ်စရာ ကောင်းလိုက်လေသလဲ ။
“မရဘူး ၊ မင်း အကြွေးတင်နေတဲ့ ကြေးစားမှတ် ၂၅၀၀၀ကို အရင်ဆပ် ။ အရင်အကြွေးမကျေမခင်း နောက်ကြွေးယူခွင့် မရှိဘူး” ကျောင်းအုပ်ကြီးက ရီဝမ်ဝမ်ကို ကြည့်နေသည်မှာ မျက်နှာကြီးမည်းပုတ်စွာ ။
“ကောင်းပါပြီ …”
ရီဝမ်ဝမ်ခမျာ ကူကယ်ရာမဲ့သွားသောပုံလေး ပေါ်လာသည် ။