BTLFAM ( 1 ) Unicode

24.4K 653 57
                                    

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

BTLFAM..(1)

31ရက် 1လ

ပြင်သစ်နိုင်ငံ၏ အချစ်မြို့တော်ဟုတင်စားရသော ပဲရစ်မြို့၏နံနက်ခင်းသည် တဝီဝီမောင်းနှင်နေသောကားများရှိသလို စက်ဘီးဖြင့်သွားလာနေသူများ၊ခြေလျင်သွားလာသူများ၊ အလုပ်ခွင်ဝင်ရန်နှင့် ကျောင်းတက်ရန် အချိန်မှီစေဖို့အလျင်လိုနေကြသည့်လူများဖြင့် စည်ကားလျက်ရှိသည်။

အအေးပိုသောရာသီတွင် လမ်းမထက်၌ လူများစည်ကားနေသလို 5starsအဆင့်ရှိ Hotelတစ်ခုတွင်လည်း ဝန်ထမ်းများသည် ညနေ၌ကျင်းပမည့်မင်္ဂလာပွဲတစ်ခုအတွက်ပြင်ဆင်နေကြ၍ မအေးနိုင်ပဲ ပြေးလွှားနေကြသည်။

ဆောင်းညနေအချိန်အခါ ပဲရစ်မြို့သည် တိုက်ခတ်သောလေညင်းကအစလတ်ဆက်အေးချမ်းနေသည်။ Eiffel tower၏မီးရောင်တို့ကလည်း ပဲရစ်မြို့၏ဂုဏ်ပုဒ်တစ်ခုဖြစ်ကြောင်းလျစ်ဟာပြနေသည်။

ယနေ့သည် ပြင်သစ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Mr.Logan Blakeimotan(လိုဂန် ဘလိတ်ခီမိုတန်)၏ မင်္ဂလာပွဲဖြစ်သည်။ Loganသည် စီးပွားရေး၏ကျားရဲတစ်ကောင်ဟုတင်စားရအောင် အကွက်ကြိုမြင်ပြီး စီးပွားရေးဈေးကွက်ကိုကစားတတ်သူတစ်ဦးဖြစ်သည်။ Logan၏ စူးရှလှသောမျက်ဝန်းညိုညိုတွေနှင့် တောင့်တင်းလှသောခန္ဓာကိုယ်သည် လူအများထဲထင်းထွက်နေသောကြောင့် ပျိုမဒီများစိတ်ဝင်စားမှုကို အပြည့်အဝရထားသူဖြစ်သည်။

အရာရာပြည့်စုံသော Loganတွင် ပထွေးနှင့် အမေလို့ပင်မထင်ရသော အမေတစ်ယောက်ရှိသေးသည်။

ပျိုမဒီများဝိုင်းဝိုင်းလည်နေသော Loganသည် အမျိုးသားတစ်ဦးနှင့် ယနေ့ညနေတွင် လက်ထပ်တော့မည်ဖြစ်သည်။ ထိုသတင်းသည် စီးပွားရေးလောကအတွင်းရှိLoganကိုသားမက်တော်ချင်သောလူကြီးမင်းများအပြင် Loganနားတွင်ဝိုင်းဝိုင်းလည်နေသော ပျိုမဒီများကိုပါ ကြေကွဲစေနိုင်သည်။

Loganသည် ကျားပျို၊ကျားအိုများဝိုင်းဝိုင်းလည်နေသော ကျားရဲတစ်ကောင်ဖြစ်လေသည်။

Behind the lust for a man(Complete)Where stories live. Discover now