chapter 10

3.2K 618 0
                                    

Uni

မြေအောက်ရထားပေါ်  Nan HuaiLin ​ထိုင်နေချိန်မှာ သူ့ခေါင်းက ကိုက်ခဲနေတယ်။

မိုးမိပြီးတဲ့နောက် ကံဆိုးစွာပဲ သူ နေမကောင်းဖြစ်နေပြီဖြစ်တယ်။ နံနက်စာစားပြီး သူ့ရဲ့အိမ်ဘေးက ဆေးပေးခန်းသေးသေးလေးမှာ ဝင်ပြခဲ့ပေမယ့် အခုထက်ထိတောင် သူ့ရဲ့အောက်ပိုင်းက မသိမသာ နာကျင်နေတုန်းပဲ။ Fei Zhengရဲ့အိမ်ကို ခေါင်းတွေမူးနောက်စွာနဲ့ ရောက်လာပြီး အလုပ်စလုပ်ဖို့ ပြင်ရတယ်။

Nan HuaiLin အိပ်ခန်းထဲကို အရင်ဆုံးသွားလိုက်တယ်။

အဝတ်တွေက ကြမ်းပြင်ပေါ်မှာ ဟိုတစ်စဒီတစ်စ ကျဲပြန့်နေပြီး အိပ်ရာက ဖရိုဖရဲဖြစ်နေတယ်။

ရုတ်တရက် မနေ့ညက ရုန်းကန်လှုပ်ရှားမှုတွေက သူ့ရဲ့ အတွေးထဲမှာပေါ်လာတော့ နဂိုတည်းက အဖျားတတ်နေတဲ့မျက်နှာက ပိုပြီးတော့တောင် ပူလောင်လာတယ်။

အိပ်ရာခင်းနှင့် အဖုံးအစွပ်တွေ အကုန်လုံးကို ချွတ်ပြီး ရပ်ကွက်ထဲက အခြောက်လျှော်တဲ့ဆိုင်မှာ လျှော်ရမဲ့အဝတ်တွေနဲ့အတူ သွားပို့လိုက်တယ်။

အဲ့ဒီနောက် အိမ်ကိုပြန်လာကာ အရင်ဆုံး Mr.Feiဝတ်ထားတဲ့ အောက်ခံဘောင်းဘီကို လက်နဲ့ လျှော်ဖွတ်လိုက်တယ် - ဒါက Shi Yanမဟုတ်တဲ့ အခြားယောက်ျားတစ်ယောက်ရဲ့ အတွင်းခံဘောင်းဘီကို ပထမဆုံးအကြိမ်လျှော်ပေးဖူးတာပဲ။ ဒါက Nan HauiLinရဲ့ စိတ်ထဲမှာ ထူးဆန်းတာလား ဘယ်လိုလဲမသိဘူး ခံစားရတယ်။ ပြီးတော့ သူက ဒီလူကြီးနဲ့ တစ်ညတာ ညအိပ်ဖော်တစ်ယောက်လိုမျိုး ပြုမူပြီးသွားပြီ။ ဒီကိစ္စက ပိုပြီးတော့တောင် ထူးဆန်းတယ်လို့ ခံစားရတယ်။

အဝတ်ကို လျှော်ကာ အခြောက်လှန်း ပြီးတဲ့နောက်မှာ သန့်ရှင်းရေးလုပ်ဖို့ စလိုက်တယ်။

Hannibalက လူကို ပွတ်သီကပ်သီလုပ်တတ်တဲ့ အကျင့်ရှိတော့ သူက Nan HuaiLin ဘယ်သွားသွား လိုက်နေတော့တာ။ Nan HuaiLinကို သူနဲ့အတူတူ လိုက်ဆော့ ပေးစေချင်တဲ့ ပုံပဲ။ Hannibalရဲ့ စိတ်ဝိညာဥ်ပေါက်စလေး ကျိုးကြေထိခိုက်သွားမှာစိုးလို့ သူ့ကို အဝေးကို မောင်းထုတ်ပစ်လိုက်ဖို့ Nan HuaiLinမလုပ်နိုင်ဘူး။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now