Arc.9.18
1.5K 284 21
မြို့‌ဧရိယာတစ်ခုလုံး သွေးစက်များ ဖုံးလွှမ်းလာပြီး ဝဲဂယက်သည် ပိုမို ‌ကျယ်ပြန့်လာသည် ။ ထိုအနားမှ လူများသည် အားဖြင့် တွန်းထုတ်ခံရသည့်အလား အသဲအသန် ရုန်းကန်နေကြရသည် ။ အမှုအရာမဲ့နေသည့် Shun သည် မနှေးမမြန်သည့် ခြေလှမ်းများဖြင့် သွေးမြူထံသို့ ဦးတည်နေခဲ့သည် ။
" မင်းက ဘယ်သူဘဲဖြစ်ဖြစ် ငါ့တိုက်ပွဲကို ဝင်နှောက်ယှက်တဲ့အတွက် သေရမယ် "
ခြိမ်းခြောက်သည့် စကားသံနဲ့အတူ လေဓားသွားများက Shun ထံသို့ ဦးတည်ပျံသန်းလာသည် ။ တော်ဝင်စစ်တပ်အား ဦးဆောင်သည့် သူသည် Shun ၏ ထွက်ပေါ်လာမှုကြောင့် အစီအစဉ်နှောက်နှေးသွားရသည်ကို လက်မခံနိုင်ချေ ။ လေဓားသွားများသည် သွေးဝဲဂယက်ထဲ ရောက်သည်နဲ့ တစ်ခါမှ မရှိဘူးသလို ချက်ချင်း ဖျောက်ဖျက်ခံလိုက်ရသည်။
‌Shun က ထိုသူအား အေးစက်စွာ တစ်ချက်လှည့်ကြည့်လိုက်သည် ။
" သောက်ပါးစပ်ပိတ်ပြီး မင်းအလှည့်ကို စောင့်နေ"
သွေးမြူသည် သူ့ထံသို့ ရောက်လာသည့် ဝဲဂယက်အား ဂရုမစိုက်သည့်ဟန် ပြုမှုနေသည် ။ " ဒီလို အနိမ့်စား Skill တွေကိုတောင် သုံးနိုင်နေပြီဘဲ .. ကောင်းလိုက်တာကွာ မြန်မြန်သေစေချင်နေပြီ "
သူသည် သက်ရှိသတ္တဝါတစ်ကောင်မဟုတ်သဖြင့် သူ့အားသတ်ရန် မဖြစ်နိုင်ချေ ။ ထိုသဘောတရားက သေနေတဲ့ လူတစ်ယောက်ကို ထပ်သတ်လို့ မရတော့သည့် သဘောတရားနဲ့ အတူတူပင် ဖြစ်သည် ။
Shun သည် သူ၏ ဝဲဂယက် က သွေးမြူ၏ ဝိညာဉ်များကို မကျော်ဖြတ်နိုင်သည်ကို ကြည့်ရှုနေသည် ။
"  ငါသတ်လိုက်တဲ့ လူတိုင်းရဲ့ ဝိညာဉ်က ငါ့အပိုင်ဖြစ်လာတယ် ....ဟားးဟားး ကောင်လေး ငါ့သက်တမ်း ဘယ်လောက်ရှိပြီ ထင်လို့လဲ .. ငါ့သတ်ခဲ့တဲ့ လူဦးရေက မင်းအသက်ရဲ့ အဆထောင်ချီ ရှိတယ် "
ထိုစကားကြောင့် အနှောက်အယှက်မဖြစ်သည့်ဟန် Shun သည် သွားစွယ်များ ပေါ်သည်အထိ လစ်ခနဲပြုံးလိုက်သည်။
" Oh! "
သွေးမြူသည် Shun ၏ အပြုအမှုက ထူးဆန်းသည်ဟု ခံစားလိုက်ရချိန်မှာဘဲ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည် ။ သူသည် ခန္ဓာမရှိချေ ။ သို့သော် ယခုနာကျင်မှုက သူ့အသိစိတ် မှ လာပြီး ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် အဆများစွာ သာလွန်နေသည် ။ ' မဖြစ်နိုင်တာ.. သွေးစွမ်းရည်မှာ ဒီလို ဂါထာမျိုးမရှိဘူး!!! '