My Master-17 (Z+U)

667 58 2
                                    

(Unicode)

"ငါ Baekhyuneeကိုဖွင့်ပြောလိုက်ပြီ Chanyeol"

ကော်ဖီခွက်ကိုကိုင်ထားသော ကျနော့်လက်တို့တင်းခနဲဖြစ်သွားရပြီး လူကလည်းတုန်လှုပ်လာသလိုပင်။
နေ့လယ်စာစားပြီး ကော်ဖီသွားသောက်ရအောင်ဟု Jonginကပြောလာတာကြောင့် အခုကော်ဖီဆိုင်ကိုရောက်နေကြရင်း Jonginကပြောပြခြင်းဖြစ်သည်။

Baekhyunဖျော်ပေးတဲ့ကော်ဖီလောက် တခြားကော်ဖီတွေကိုမကြိုက်ပေမယ့် တခြားဘာမှလည်းသောက်ချင်စိတ်မရှိတာကြောင့် latteတခွက်ကိုသာမှာမိသည်။

ကော်ဖီခွက်ကို ကိုင်လိုက်သော ကျနော့်လက်တွေကပါတုန်ယင်နေပေမယ့် Jonginမရိပ်မိအောင် အတတ်နိုင်ဆုံးတုန်ယင်မှုကိုထိန်းရင်း

"သူဘာပြန်ပြောလဲ" ဟုမေးပြီးကော်ဖီတငုံမော့သောက်လိုက်သည်။

Jonginကကျနော်တို့ထိုင်နေသောစားပွဲဘေး မှန်တွေပေါ်မှအပြင်ဘက်လမ်းမကြီးကိုငေးစိုက်ကြည့်ကာ
"သူ့ရဲ့ အတိတ် ပစ္စုပ္ပန်တွေသာမကဘဲ အနာဂတ်ထိဆက်ချစ်သွားမယ့်သူရှိတယ်လို့ပြောတယ်" ဟုပြန်ဖြေလာသည်။

ထိုအခါမှ ကျနော့်စိတ်အနည်းငယ်အေးသွားရပြီး တုန်ယင်တာတွေပါပျောက်သွားခ့ဲရသည်။
ဒါပေမယ့် ကျနော်ကမကောင်းတဲ့ကောင်ပ‌ဲမလား။ အကယ်၍များ သူ Jonginကိုချစ်ဖို့ဆုံးဖြတ်သွားရင်ရော.....။

ညဘက်အလုပ်လုပ်နေရင်း ကော်ဖီသောက်ချင်လာပြန်တာကြောင့် ကျနော်သောက်နေကျသကြားနှစ်ဇွန်းပါတဲ့ ကော်ဖီကို Baekhyunကိုဖျော်ပြီးလာပို့ခိုင်းလိုက်သည်။

အလုပ်ဖုန်းပြောပြီးတာနဲ့ Baekhyunယူလာပေးတဲ့ ကော်ဖီခွက်ကိုယူကာ ကော်ဖီတငုံသောက်ကြည့်မိတော့ သကြားမပါတ့ဲပေါ့ရွတ်နေတဲ့ ကော်ဖီအရသာကိုရလိုက်သည်။

စိတ်ကထောင်းခနဲဖြစ်သွားပြန်သည်။ Jonginကဖွင့်ပြောတာနဲ့ Byun Baekhyunတို့ရင်တွေခုန်ပြီး စိတ်နဲ့လူနဲ့မကပ်ဖြစ်ကုန်တဲ့သဘောလား။စိတ်ကတစထက်တစဆိုးလာတာကြောင့်

"Byun Baekhyun!!! ကော်ဖီဘယ်လိုဖျော်လာတာလဲ ငါ့အကြိုက်တောင်မသိတော့ဘူးလား" ဟုအော်ပြောလိုက်သည်။

My Master (Completed) (Z+U)Where stories live. Discover now