Ep-48(Uni/Zg)

60.5K 4.3K 610
                                    

" ဒီဓာတ်ပုံထဲကလူက swissကကိစ္စကိုအခဲမကျေလို့ လူ
လွှတ်ပီးလွန်းကိုဓားစာခံလုပ်လိုက်တာလေ အဟက် "

" ကျတော် တခါထဲကိစ္စရှင်းလိုက်ရမလား Boss "

" စိတ်လျှော့ ငါ့ကောင်...အစကတော့ ငါကိုယ်တိုင် ကိစ္စရှင်းမလို့ပဲ အခုတော့ planပြောင်းသွားပီ ဒီမှာတွေ့လား သူ့သွားမှာ ရွှေသွားနှချောင်းရှိတယ် ငါအဲ့သွားနှချောင်းလိုချင်တယ် Sam "

" သွားနှချောင်းပဲလိုချင်တယ်ဆိုပါတော့ "

" ငါတို့အရူးဆန်တဲ့ အရာလေးတွေလုပ်ကြည့်ကြမလား Sam.. လူတော့မသတ်ကြေး "

" ကျတော်က Bossပြောသမျှအကုန်လုပ်မှာမို့ ဘာဖြစ်ဖြစ်ရတယ် "

" အခုတလောငါ့မျက်စိထဲ အမြင်မကြည်တဲ့ လူတွေရှိတယ်
အဲ့လူတွေကို နည်းနည်းလောက်ပညာပေးချင်လို့ အပျင်းပြေ
ဂိမ်းလေးကစားကြည့်ကြမလား ဆမ်(မ်)"

" စိန်လိုက်လေ ကြာသလားလို့ '

Samက ဟန်နရီစကားအတိုင်းပဲ အမြဲနာခံတတ်တဲ့သူမို့ ဟန်နရီရဲ့တဦးတည်းသော အယုံကြည်ရဆုံးတပည့်ဖြစ်နေတာတော့ မထူးဆန်းတော့ပါဘူး...ဟန်နရီလို ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း လက်ရဲဇက်ရဲနဲ့ အတိုက်အခိုက်ကျွမ်းကျင်တဲ့ကောင်လေးမို့ သူတို့ Mafia ဂိုဏ်းတွေကြားမှာတော့ ဆရာတပည့်နှယောက်က နာမည်ကြီးပင်..

ဟန်နရီသူ့သေနတ်ကို ကားထဲမှာပဲထားခဲ့ကာ သူတို့ရှေ့မှာ ရှိနေတဲ့ အဆောက်အဦးထဲ၀င်သွားလိုက်သည်...Samကလဲ ဟန်နရီဘေးကနေ ကပ်ပါလာသည်...တည်ငြိမ်လွန်းတဲ့အကြည့်က ဆရာတပည့်နှယောက်လုံးမှာ ပျံ့လွှင့်လျှက်ပင်..

" ဘာကိစ္စလဲ "

" မင်းတို့ဆရာနဲ့တွေ့ချင်လို့ "

" ငွေချေးဖို့လား ? အပေါင်ပစ္စည်းပါမှလက်ခံမှာနော် "

ဆေးလိပ်ကိုခဲကာ လူမိုက်ပုံစံနဲ့မိုက်ကြေးခွဲနေတဲ့ လူကြောင့် ဟန်နရီရဲ့မျက်ခုံးတွေတွန့်ကွေးသွားကာ သူ့ပါးစောင်အားလျှာနဲ့ထိုးပြီး Samအားမျက်စပစ်ပြလိုက်၏။ အထာပေါက်လွယ်တဲ့ Samကလဲ ခေါင်းတချက်ညိတ်ပြကာ ထိုလူနားကပ်သွားလိုက်သည်

HANARY(S1+S2) Where stories live. Discover now