Part(29)

6.7K 522 93
                                    

Unicode

   "တကူးတကကြီး သင်္ခရာ...ကိုယ်သက်သာနေပါပြီကွ"

    "ကျွန်​​တော့်မှာ စိတ်ပူပြီး လာတွေ့ခွင့်တောင် မရှိတော့တာလားဟင်"

    "ဒီသဘောမဟုတ်တာ နားလည်မယ်မဟုတ်လား"

    "အင်း..."

   သင်္ခနှင့် မဂ္ဂဟာ အိမ်​ရှေ့မျက်နှာစာရှိ စာပွဲဝိုင်း​လေးမှာ စကားပြောနေကြတာ ဖြစ်သည်။ ချထားသည့် ကော်ဖီခွက်နှစ်ခုကတော့ အငွေ့တွေသေကာ အေးစက်စက်ဖြစ်နေတဲ့အထိ လျစ်လျှူရှုခံထားရဆဲပင်။

    "ခင်ဗျားက ကတုံးကေနဲ့လည်း လိုက်ဖက်သားပဲနော်"

    "ဒါပေါ့...ကိုယ်က ဘယ်လိုနေနေ ခန့်ညားပြီးသားလေ"

     "ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့နော်..."

     "အဟား....မင်းစတဲ့စကားကို ကိုယ်က အကွပ်ထည့်ပေးရုံပါကွာ"

     မဂ္ဂဟာ ရယ်သာရယ်နေရသည်။စိတ်အစဥ်ကတော့ ညိုချင်ချင်ဖြစ်နေသည့် မျက်ဝန်းအနားသတ်လေးလေးတွေမှာသာ ခိုဝဲနေမိ၏။ဒီအရာတွေက ကိုယ့်ရင်မှာလာနာစေတာ ထိုကလေးသိမှသိပါလေစ။

     "မျက်ကွင်းတွေ ချိုင့်ဝင်သွားလိုက်တာ ချာတိတ်ရယ်..."

     "အမ်း...ဂိမ်းဆော့တာ ညဥ့်နက်သွားလို့ပါ.."

    လူရောစိတ်ပါ ပင်ပန်းနေရကြောင်း သင်္ခ ရင်မဖွင့်လိုပါဘူး။ကိုကိုကြီးရဲ့ အနာတရတွေအပေါ်မှာ သူ့ဒဏ်ရာတွေက အဆိပ်အတောက်ဖြစ်သွားစေမှာ သူကြောက်ပါသည်။

      "ဝေါ....ကျွှီ..."

    ခြံတံခါးဖွင့်သံနှင့်အတူ ကားတစ်စီးက ဆက်ဝင်အောက် ထိုးရပ်လာတာမို့ သင်္ခအမှတ်တမဲ့ ကြည့်လိုက်မိသည်။ကိုကိုကြီးဟာတော့ သူနှင့်မျက်နှာချင်းအနေအထား၌ မတိမ်းမစောင်း ငြိမ်သက်စွာပင်။

     "သြော်...သင်္ခရောက်နေတာလား"

     "ဟုတ်ကဲ့....ကိုကိုညီ"

     "ရလား....ကျွန်တော်တွဲကူမယ်လေ"

   ထိုစကားဟာ မည်သူ့ကို ရည်ရွယ်ပါကြောင်း ကားပေါ်မှဆင်းလာသည့် ဒေါက်တာကြောင့် သင်္ခနားလည်လိုက်ရသည်။ဒါဟာ ဘယ်လိုအခြေမျိုးပါလဲ။အမှန်ဆိုလျှင်တောင် မမြန်ဆန်လွန်း​​ကြဘူးလား။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now