Chapter(49) - မက္ခရုငှက်လေး

4.8K 839 14
                                    

Unicode

အခန်း(၄၉) - မက္ခရုငှက်လေး

အရေခွံလဲမိစ္ဆာက မျက်နှာပေါင်း ရာချီပြီး ပြောင်းလဲနိုင်သည်။ ရလဒ်ကအတော့ ရှန်ကျစ်ရှန်းက သူမကို ရှာဖို့ အင်အားတစ်ချို့ စိုက်ထုတ်ရလိမ့်မယ်လို့ ထင်ခဲ့တာပင်။ သို့သေ်ာလည်း သူမကိုယ်တိုင် တံခါးကို ဖြတ်ပြေးလာမယ်လို့တော့ ဘယ်သူသိမှာလဲ။

ဒါက အရမ်းကို မမျှော်လင့်ထားတာလို့ တွေးမိတာကြောင့် အရေခွံလဲ မိစ္ဆာရဲ့ လမ်းကြောင်းကို တားဆီးလိုက်ပြီး သူမကို အခန်းထဲ ပြန်ထည့်ရန် ကြိုးစားလေသည်။ အရေခွံလဲမိစ္ဆာရဲ့ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားကာ ရှက်ရဲရဲနဲ့ ပြောလာသည်။

"စိတ်မလှုပ်ရှားပါနဲ့, ဒီအစေခံလေးကို အရင်ပြင်ဆင်ခွင့် ပေးပါဦး..."

သူမရဲ့ အပြုံးက ကြီးမားလာသည်။ သို့သော်လည်း လုံးဝမကျယ်ပြန့်သွားခင်မှာ မမြင်ရတဲ့ ဓားချီတစ်ခုက သူမနားရွက်နားမှဖြတ်၍ ဘေးက တံခါးဘောင်အား သွားထိလေသည်။

သူမရဲ့ ဆံပင်တစ်ချို့က မြေပြင်ပေါ်သို့ ပြတ်ကျကုန်၏။

ထိုဓားအလင်းဖျော့ဖျော့က ဓားအိမ်ထဲကနေ ဓားပိုင်းလေးသာ တိတ်တဆိတ် ထုတ်လိုက်တဲ့ ရန်ကျင်းဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

အရေခွံလဲမိစ္ဆာက ခါးကိုမတ်မတ် ထားလိုက်ပြီး တံခါးအား ယဉ်ယဉ်ကျေးကျေးကိုင်ကာ ရှန်ကျစ်ရှန်းအတွက် ဖွင်ပေးလိုက်သည်။

"သခင်လေးဆွေ့, သခင်လေးရန်, ကျေးဇူးပြု၍"

ဘေးခန်းရှိ အစေခံလေးများမှာတော့ နောက်မှရောက်လာတဲ့ သူတို့အဖော်များရဲ့ ကယ်တင်ခြင်းအား ခံလိုက်ကြရသည်။ သူတို့တွေ လက်ဖက်ရည်လာပို့တဲ့ အချိန်မှာတော့ ထိုအမျိုးသား နှစ်ယောက်အား အတော်လေး ကြောက်ရွံ့နေကြလေပြီ။ သူတို့က တုန်ယင်နေတဲ့ လက်များနဲ့ လက်ဖက်ရည်ငှဲ့ပေးကြကာ ပြီးတာနဲ့ အလျင်စလို ပြန်ထွက်ကြသည်။

ရှန်ကျစ်ရှန်း လိုရင်းကိုသာ တန်းပြောလိုက်သည်။

"မနေ့က မင်းပြောခဲ့တဲ့ Undead City ကဘာလဲ?"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now