P_24 (Uni)

5.1K 773 157
                                    

"ဘယ်လိုလဲ အဲ့အကိုကြီး ချောတယ်မလား"

ငါတော်တယ်မလားဆိုတဲ့ လေသံမျိုးနဲ့ ကိုနေလင်းက မေးလာတာကြောင့် ကျွန်တော် နှာခေါင်းရှုံ့လိုက်တယ်။

" မချောပါဘူး"

"အေးပေါ့။ မင်းမျက်လုံးထဲတော့ ကိုသူရစိုးက ပိုချောနေမှာပေါ့"

"မဟုတ်တာကျလို့"

ဂုဏ်ဆာတဲ့လေသံမျိုးနဲ့ ရင်ကော့၊ခေါင်းမော့ပြီး ကျွန်တော် ပြန်ဖြေလိုက်တယ်။ အဲ့လိုဖြေလိုက်တဲ့ ကျွန်တော့်ပုံစံကိုကြည့်ပြီး ကိုနေလင်းက ခေါင်းကိုခါယမ်းပြီး အတော်လေးရယ်နေတယ်။ ရယ်လို့အားရမှ

"ဟုတ်ပါပြီ ဟုတ်ပါပြီ... မင်းရဲ့ကိုသူရစိုးကသာ အချောဆုံးပါ ဟုတ်ပြီလား။ ဒါနဲ့ မင်းကိုမေးရဦးမယ်။ ကိုသူရစိုးကို ဘာလို့ချစ်တာလဲ"

ကျွန်တော် ကိုနေလင်းကို တုံးရန်ကောဆိုတဲ့ပုံစံမျိုးနဲ့ ပြန်ကြည့်ပေးလိုက်တယ်။

" ပုံပြင်၊ကဗျာအသစ်တွေပြောခိုင်းပြီး ရင်တွေခုန်ရင် ဒါအချစ်ပဲတဲ့... J-Fire သီးချင် ခင်ဗျား မကြားဖူးဘူးလား။ အဲ့တော့ ဘာလို့ချစ်ရမှာတုန်း ရင်ခုန်လို့ပေါ့"

"ရင်ခုန်လို့..."

ကိုနေလင်းက ကျွန်တော့်စကားကို သံယောင်လိုက် ရေရွတ်ပြီး ဘာဖြစ်သွားလဲမသိဘူး အကြာကြီး တိတ်ဆိတ်သွားတယ်။ နောက် အတော်လေးကြာမှ
"ငါရင်ခုန်မိတဲ့လူကိုတော့ ငါက သေလောက်အောင်မုန်းတယ်"တဲ့ အေးစက်စက်နဲ့ ထပ်ပြောတယ်။

ကိုနေလင်းရဲ့စကားကြောင့် ကျွန်တော် အံ့သြမိတာတော့ အမှန်ပဲ။ ပြီးတော့ သူ့ပုံစံကလည်း ခါတိုင်းလို ပြုံးရွှင်တက်ကြွမနေတော့ဘူး။ ရုတ်ချည်းဆိုသလိုပဲ အေးစက်စက်ပုံစံဖြစ်သွားတော့တယ်။

"ကိုနေလင်း ခင်ဗျား..."

ကျွန်တော် ကိုနေလင်းကို စကားစဖို့ ပြင်လိုက်တုန်းမှာပဲ အကိုသူရရဲ့ဆိုင်ကယ်က ကျွန်တော့်တို့အရှေ့ကို ထိုးရပ်လာတယ်။

"ကလေးလေး ဘယ်ကပြန်လာတာတုန်း"

"ဟင်.. အကိုသူရ ပြန်လာပြီလား"

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now