Chapter(76):ဦးလေးအကြီးဆုံး-1 ဦးလေးအကြီးဆုံး-1

3.9K 762 12
                                    

Zawgyi

လျိုထုံက လျိုဖျောင့်ကို စိုက်ကြည့်နေတဲ့အချိန်မှာ ရှုရန်က လျိုထုံဦးလေးအကြီးဆုံးရဲ့ မိသားစုတစ်စုလုံးကို စကားစတင်ပြောနေပြီ ဖြစ်တယ်။ ဒီလူတွေက သူတို့တွေ ဖြတ်သန်းခကို မပေးမချင်း သူတို့တွေကို သွားခွင့်ပေးကြမှာမဟုတ်ဘူး။ သဘာဝကျကျပြောရရင် ရှုရန်က ဒီလိုမျိုးလုပ်ချင်စိတ် မရှိပါဘူး။ ဒီလမ်းက ဦးလေးမိသားစုရဲ့ပိုင်ဆိုင်မှု မဟုတ်တာကြောင့် ဘာလို့သူတို့တွေက ဖြတ်သန်းခကို ပေးရမှာလဲ?

ရှုရန်တစ်ယောက် သူတို့တွေကို လွယ်လွယ်နဲ့ အလွတ်မပေးနိုင်ပါဘူး။ သူပြောလိုက်တယ်။ "အကြီးဆုံးဦးလေးနဲ့ အကြီးဆုံးဦးလေးခင်ပွန်းတို့ ဒီလိုမျိုးလုပ်ကြရအောင်! ကျွန်တော်ခင်ဗျားတို့ကို ဖြတ်သန်းခပေးမယ်။ ဒါပေမဲ့ ခင်ဗျားတို့ လျိုထုံအဖေနဲ့ ဖေဖေတို့ရဲ့ မြေကွက်တွေကို လျိုထုံဆီ အရင်ပြန်ပေးဖို့ လိုအပ်တယ်။ ကျွန်တော်တို့တွေ ပြဿနာတွေကို အစဉ်အတိုင်း ဖြေရှင်းကြတာပေါ့။ ဟုတ်တယ်မလား?"

ရှုရန်က ဖြတ်သန်းခပေးဖို့ လိုလားတယ်ဆိုတာကို ကြားလိုက်ရတော့ လျိုထုံဦးလေးအကြီးဆုံးရဲ့ မိသားစုတစ်စုလုံးက အတော်လေး ပျော်ရွှင်သွားကြပေမဲ့ နောက်ဆက်တွဲ စကားလုံးတွေကို သူတို့တွေ ကြားလိုက်ရတဲ့အချိန်မှာ အလွန်ဒေါသထွက်သွားကြတယ်။

"မိမစစ်ဖမစစ်ကောင် မင်းဘာတွေပြောနေတာလဲ? မြေကွက်က လျိုထုံဟာဆိုလား? အဓိပ္ပါယ်မရှိတဲ့စကားတွေ! ငါမင်းတို့ကို တစ်ခုပြောလိုက်မယ်။ ငါကလျိုထုံကို နှစ်တွေအများကြီး ပြုစုပျိုးထောင်လာခဲ့ရတာ။ အဲ့ဒါကြောင့် မြေကွက်က ငါတို့ဟာပဲ။ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ဖြတ်သန်းခကို ဒီနေ့ပေးရမယ်။ မြေကွက်အတွက်ကကျတော့ အဲ့အကြောင်း စဉ်းတောင်မစဉ်းစားနဲ့!"

ဒီအသံနေအသံထားက ရှုရန်ကို ဒေါသထောင်းကနဲ ထွက်သွားစေတယ်။ "ဘာလဲ? ခင်ဗျားတို့က နေ့ခင်းကြောင်တောင်ကြီးမှာ ဇွတ်အတင်း ဖိအားသုံးချင်နေတယ်ပေါ့လေ။ ဟုတ်တယ်ဟုတ်? ကျွန်တော်ပြောချင်တာ တစ်ခုကတော့ တကယ်လို့ ခင်ဗျားတို့လူတစ်စုက ဖိအားသုံးချင်နေတယ်ဆိုရင်လည်း တစ်ချက် စမ်းကြည့်ကြည့်လိုက်လေ။ ဒီနေ့က နှစ်သစ်ကူးအကြိုနေ့ဆိုရင်တောင် မပြောနဲ့။ နှစ်သစ်ကူးနေ့ ဖြစ်နေမယ်ဆိုရင်တောင်မှ ငါရုံးတော်အရာရှိဆီ သွားပြီးတော့ ခင်ဗျားတို့လူတစ်စုကို တရားစွဲပစ်မယ်။ ခင်ဗျားတို့ လမ်းဖယ်ပေးမှာလား? မဖယ်ပေးဘူးလား? မဖယ်ပေးရင် ကျွန်တော် ခင်ဗျားတို့ရဲ့ရွာလူကြီးဆီ သွားပြီး သူ့ကို ဆုံးဖြတ်ခိုင်းလိုက်မယ်။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now