Chapter 71

26.6K 4K 790
                                    

Unicode

ယန်းချင်းချီ ချန်ရွှမ်းလန်ကို သင်ပြပေးနေတယ်၊ ဝေ့လန်ကလည်း ယွမ်မင်ရွှိကို စကားနာထိုးနေပြီ
__________________________________

ဝေ့လန် နှုတ်ခမ်းလေးဆူရင်း

''ဒါဆို မင်းဟင်းသီးဟင်းရွက်တွေ ငါ့ကိုခွဲပေး ''

''မရဘူး ''

''မင်းမှာ ဒီလောက် အများကြီးရှိတာကို ငါ့ကိုနည်းနည်းလေးတောင် ခွဲမပေးချင်ဘူး? ''

''ငါတို့ကပြိုင်နေကြတာလေ ပြိုင်ဘက်တွေလေ ငါမင်းကိုခွဲပေးလိုက်ရင် ဂိမ်းစည်းကမ်းတွေ ရှုပ်ကုန်မှာပေါ့ ''

တဖက်လူက သူ ဘာပြောပြော ခွဲပေးမှာမဟုတ်မှန်း သိလိုက်သည့်အခါ ဝေ့လန် 'ဟွန့်'သံပြုလိုက်ကာ သူ့ကြက်ဥလေးကို တယုတယလေးပြန်သိမ်းပြီး ချာကနဲလှည့်ထွက်သွားတော့သည်။

ကြက်ဥလေးမကွဲအောင် ကြက်ဥထည့်ထားသည့် ဘောင်းဘီအိတ်ကပ်လေးကို ဖုံးကာ ကာခါဖြင့် ကားပေါ်တက်သွားသည့် ဝေ့လန်ကိုကြည့်ပြီး ယန်းချင်းချီ ခေါင်းသာခါလိုက်မိသည်။

သိပ်မကြာခင် တစ်ယောက်ပြီးတစ်ယောက် ကားရပ်ထားသည့်နေရာကို ပြန်လာကြသည်။ လူစုံသွားသည့်အခါ ၁၂မထိုးခင်အမှီပြန်ရောက်အောင် သူတို့အဖွဲ့ ဟော်ရန်ဟိုတယ်ဆီ ချီတက်ကြပြန်သည်။ ချန်ရွှမ်းလန်တစ်ယောက် ယန်းချင်းချီ၊ လီမုန်နှင့် လင်ကျီးတို့ကို ကြည့်လိုက်ကာ

''မင်းတို့ဘာတွေဝယ်လာကြလဲ ''

လီမုန်က သခွားသီးအချို့နှင့်အာလူးတွေဝယ်လာသည်။ လင်ကျီးကတော့ မုန်လာဖူးအချို့နှင့် အာလူးတွေဝယ်လာသည်။ ယန်းချင်းချီ သူ့အိတ်ကို ဖွင့်ပြလိုက်သည့်အခါ ခရမ်းချဥ်သီး၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ အာလူးနှင့် ပန်းဂေါ်ဖီစိမ်းတို့ကိုတွေ့လိုက်ရလေသည်။

ချန်ရွှမ်းလန်ရော လီမုန်ပါ ထိုမြင်ကွင်းကြောင့် အံ့သြထိတ်လန့်သွားကာ လင်ကျီးကလည်း မျက်တောင်လေးတဖျက်ဖျက်ဖြင့် အံ့သြတကြီးမေးလာသည်။

''မင်း ဘယ်လိုလုပ် ဒီလောက်အများကြီး ဝယ်လာနိုင်တာလဲ ''

''ကျွန်တော့်ကိုရောင်းလိုက်တဲ့ အန်တီကြီးက အရမ်းသဘောကောင်းတယ်လေ သူ(မ)က တမျိုးစီကို တစ်ပေါင် ၂ယွမ်နဲ့ပေးလိုက်တာ ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now