Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၂)
မင်္ဂလာပွဲပြီးချိန်သည် အတော်ပင်ညဉ့်နက်နေပြီဖြစ်သည်။ အိမ်ထောင်သည်တချို့သာပြန်ကြပြီး လူလွတ်အများစုကတော့ Hotelမှာပဲအိပ်မည်ဖြစ်သည်။ ထို့ကြောင့်အခန်းများပြင်ဆင်ပေးပြီး ခေါင်းမထောင်နိုင်သည့်သူများကို တွဲပို့ရန် Hotelရှိဝန်ထမ်းများအလုပ်ရှုတ်နေသည်။
Bazသည်လည်းအမျိုးသားရှာပုံတော်ဖွင့်ပြီး အလုပ်ရှုတ်နေလေရဲ့...
" Ace(အေ့စ်) Loganကိုတွေ့ပြီလား "
Aceသည် မျက်နှာမထားတတ်စွာငုံ့ထားလေသည်။
" Mr.Loganက VVIP roomထဲဝင်သွားပါတယ်။ တစ်ယောက်ထဲတော့မဟုတ်ပါဘူး Master "
" တောက်.! မဟုတ်တာ.."
Bazဒေါသထွက်လွန်း၍ ကျယ်လောင်စွာတောက်ခေါက်လိုက်ပြီး CCTV roomဆီသို့လျင်မြန်စွာထွက်လာသည်။ Baz၏ခြေလှမ်းတွေသည် မြန်နေသည်။ ဒေါသတွေဟာလည်း ဆူပွက်နေသည်။ VVIP roomက Bazတို့ရဲ့ မင်္ဂလာဦးအတွက်ပြင်ဆင်ထားသည့် အခန်းဖြစ်တာကြောင့် Bazဒေါသတွေပိုထွက်လာသည်။
ဒုန်း.!
အခန်းတံခါးကျယ်လောင်စွာပွင့်သွားသည်နှင့် တာဝန်ကျဝန်ထမ်းများ လှည့်ကြည့်လာသည်။ Bazကိုတွေ့သည်နှင့် မတ်တတ်ထရပ်လိုက်ကြပြီး ဦးညွှတ်ကြသည်။
" မင်္ဂလာပါ Master "
" ငါ့အတွက်တော့မင်္ဂလာရှိမနေဘူး "
Bazခြေလှမ်းကျဲကြီးတွေဖြင့်အမြန်သွားကာ မော်နီတာပေါ်သန်မာသည့်လက်ချောင်းတွေကိုပြေးလွှားလိုက်သည်။ Baz၏လက်ချောင်းတွေသည် တစ်နေရာအရောက်၌ရပ်တန့်သွားခဲ့သည်။ Bazမယုံကြည်နိုင်စွာ မြင်ကွင်းချဲ့ကြည့်မိသည်။
" အဟက်.! "
Baz၏ရယ်သံသည် အေးစက်နေသည်။ အညိုဖျော့ရောင်မျက်ဝန်းတို့ဟာလည်း ရေခဲတစ်စပြင်ကဲ့သို့ အေးစက်နေသည်။ မော်နီတာရှိ Loganနှင့် ခုနကအမျိုးသမီးမက်မောစွာနမ်းရှိုက်နေသည့်ပုံရိပ်တွေ၊ဦးတည်ရာတစ်ခုထဲရှိသောအနမ်းတွေနှင့် ဖွင့်ဟကာဝင်သွားသော Bazတို့၏မင်္ဂလာဦးအခန်း..ထိုပုံရိပ်တွေသည် Baz၏မှတ်ဉာဏ်ထဲ၌တရိပ်ရိပ်ပြေးလွှားနေသည်။ ထိုပုံရိပ်တွေပေါ်လာသည့် မှတ်ဉာဏ်ကိုလည်း Bazမုန်းပါသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...